Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်စခန်းအနီး တစ်မိုင်ပတ်လည်တွင်နေထိုင်သည့် ပြည်သူများ ပြောင်းရွှေ့ရန် CDM Siyin က သတိပေးထုတ်ပြန်
ဓာတ်ပုံ - ယခင်ပုံဟောင်း

စစ်ကောင်စီတပ်စခန်းအနီး တစ်မိုင်ပတ်လည်တွင်နေထိုင်သည့် ပြည်သူများ ပြောင်းရွှေ့ရန် CDM Siyin က သတိပေးထုတ်ပြန်

0
By Editor on May 10, 2023 Headline

စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDM Siyin တပ်ဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။

စစ်ကောင်စီတပ်စွဲထားသော စခန်းအနီးတဝိုက်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၉ ရက်နေ့မှ မေလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနောက်ဆုံးထား ပြောင်းရွှေ့ကြရန်နှင့် မပြောင်းရွှေ့သေးသောပြည်သူများ ထိခိုက်မှုတစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း CDM Siyin က ဆိုပါသည်။

CDM Siyin တာဝန်ရှိသူက “ကျွန်တော်တို့က ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့အတွက် ပြည်သူတွေ အများကြီး ထိခိုက်နစ်နာရမဲ့အရာကို လုံးဝမလိုလားဘူး၊ ဘေးကင်းလုံခြုံဖို့အတွက် ကျွန်တော်တို့ အမြဲတမ်းဦးစားပေးတယ်။” ဟု ပြောသည်။

ခိုင်ကမ်းမြို့ရဲစခန်းနှင့် ကလေးတက္ကသိုလ်မုခ်ဦးသည် ကလေး-တီးတိန်-ရိခေါဒါရ် လမ်းမပေါ်တွင်တည်ရှိပြီး ယင်းနေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကစ၍ ကလေး-တီးတိန်-ရိခေါဒါရ် ပြေးဆွဲနေသော ခရီးသည်တင်ကားနှင့် ကုန်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသည့်အပြင် ကားတစ်စီးလျှင်အနည်းဆုံး ကျပ်ငွေတစ်သိန်းကောက်ခံကာ ဖြတ်သန်းခွင့်ပြုလေ့ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

ကလေးမြို့တွင် ခိုးဆိုးလုယက်မှုကျူးလွန်သည် စစ်သား ၃ ဦးကို ရဲကအရေးမယူဘဲ ပြန်လွှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.