• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်သား ၂ ဦး PDF-Zoland ထံ အလင်းဝင်

စစ်ကောင်စီတပ်သား ၂ ဦး PDF-Zoland ထံ အလင်းဝင်

0
By Editor on August 24, 2023 Khonumthung

(06SV)

ချင်းပြည်နယ်၊ တီးတိန်မြို့မှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ PDF- Zoland တပ်ဖွဲ့ထံ အလင်းဝင်လာပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

တီးတိန်မြို့က ရိပ်သာတစ်ခုတွင် တာဝန်ကျနေစဉ် ဩဂုတ် ၂၀ ရက်က CDM ပြုလုပ်ရန် ထွက်ပြေးလာခြင်းဖြစ်ပြီး ရဲတပ်သားတစ်ဦးမှာ လုပ်သက် ၉ နှစ် ရှိပြီးဖြစ်ကာ အခြားတစ်ဦးမှာ လုပ်သက် ၃ နှစ် ရှိသည်ဟု PDF- Zoland တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“အဓိကကတော့ သူတို့ တပ်တွင်းမှာ မပျော်တော့ဘူးလို့ ပြောတယ်။ သူတို့ ဘာကြောင့် CDM လုပ်လာတာလည်းဆိုတော့ တပ်ထဲမှာကလည်း အခြေအနေ မကောင်းတော့ဘူးပေါ့။ ပြည်သူ့ ရင်ခွင်မှာပဲ ပြည်သူနဲ့အတူတူ ရပ်တည်ချင်တယ်လို့ အဲလိုပြောလို့၊ ကျနော်တို့ကို ဆက်သွယ်လာတဲ့အချိန်မှာ ဖြေပါတယ်။ အဲဒီရဲက ရာထူးတွေက တပ်သားတွေပဲ” ဟု PDF- Zoland မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါ အလင်းဝင်လာသူ  (၂) ဦးကို တစ်ဦးလျှင် သိန်း (၅၀) ကျပ်စီ ချီမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ဘေးကင်း ကင်းနှင့် ရောက်ရှိသွားပြီဟု ဆိုသည်။

တပ်သားတစ်ဦးသည် လက်နက်တစ်လက်နှင့် ကျည် ၁၉၀ ခန့် ပါရှိပြီး ကျန်တစ်ဦးမှာ သေနတ်တစ်လက်နှင့် ကျည် ၉၀ ခန့် သယ်လာကြသည်။ 

စစ်အာဏာသိမ်းပြီးနောက် PDF – Zoland ထံသို့ လက်နက်နှင့်တကွ ပြည်သူ့ ရင်ခွင့် ခိုလှုံလာသူ စုစုပေါင်း ၂၀ နီးပါးရှိပြီဟု သိရသည်။ 

“အခု CDM မလုပ်ရသေးတဲ့ ရဲတွေရော၊ စစ်သားတွေရော ဝင်လာပါလို့ အမြဲပြောချင်တယ်။ CDM လုပ်လာရင် လက်နက်ခဲယမ်းအပြည့်နဲ့ ဝင်လာပါ။ စုချပေးတယ်။ လက်နက်ကို အနည်းဆုံးသိန်း ၅၀ နဲ့ အထက် ပေးတာပေါ့နော်။ အစစအရာရာလည်း တာဝန်ယူပေးနေပါတယ်” ဟု PDF – Zoland တာဝန်ရှိသူက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.