• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

0
By Editor on February 2, 2023 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၁)၊ အုံကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်ရှိ ခလ၇ ၂၇၄ တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အုံကျေးရွာ ဆေးခန်းအနီးတွင် ၃ ကြိမ်ကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် အသက် ၄၂ နှစ် အရွယ်အမျိူသမီးတစ်ဦး ဘယ်ညာပေါင်ရိုးထိ၊ အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး လက်မောင်းကျည်ထိ၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်တံတောင်ဆစ်ကျည်ထိ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်လက်ကျည်ထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် ကျေးရွာဆေးခန်း၊ ဂျစ်ကား (၁) စီး၊ လူနေအိမ်တစ်လုံး လက်နက်ကြီးဗုံးဆံ ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီ၏ ဂျက်တိုက်လေယဉ်များလည်း မင်းတပ်မြို့နယ်အတွင်း နေ့တိုင်း ပျံဝဲလျက်ရှိပြီး လွန်ခဲ့သော (၁) ပတ်အတွင်း (၃) ကြိမ်အထက် ညဉ့်ဦးယံအချိန်များတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် အရပ်သားကား အစီး ၁၀၀ ခန့် ထပ်မံ ချောဆွဲခံရဟုဆို

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.