• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling အလောင်းအား မီးရှို့လိုက်ပြီဟု မိသားစုထံအကြောင်းပြန်

စစ်ကောင်စီမှ ဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling အလောင်းအား မီးရှို့လိုက်ပြီဟု မိသားစုထံအကြောင်းပြန်

0
By Editor on May 12, 2021 Khonumthung
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီမှ မေလ ၉ ရက်နေ့တွင် ဖမ်းဆီးပြီးနောက် သေဆုံးခဲ့သည့် Pu Tler Ling (၅၇) နှစ်အား ကလေးမြို့သို့ ဆေးကုသဖို့ ပို့ဆောင်ရာတွင် သေဆုံးခဲ့သဖြင့် ကလေးမြို့တွင်ပင် မီးရှို့သဂြိုလ်ခဲ့ကြောင်း စစ်ကောင်စီမှ မိသားစုဝင်များထံ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
“စစ်တပ်ကနေပြီးတော့ သူတို့စဖမ်းကတည်းက နေမကောင်းဘူး၊ စခန်းရောက်တော့လည်း မထနိုင်ဘူးလို့ပြောတယ်၊ ကလေးမှာ ကုပေးမယ်ဆို့ ပို့ပေးနေတုန်း လမ်းမှာဆုံးသွားလို့ ကလေးမှာဘဲ မီးရှို့လိုက်တယ်လို့ပြောတယ်၊ ဖမ်းတုန်းကတည်းက တောင်ဝှေးနဲ့ လမ်းလျှောက်တာလို့ သူတို့ပြောတယ်၊ တစ်ကယ်က တောင်ဝှေးလည်းတစ်ခါမှမသုံးဘူး အရမ်းကျန်းမာတာသူက၊ ကျနော်သိသလောက်က ကလေးကိုတောင်မခေါ်သွားလောက်ဘူး၊ သူ့အလောင်းလည်း ဟားခါးမှာဘဲရှိမှာ” ဟု မိသားစုဝင်တစ်ဦးကပြောသည်။
Pu Tler Ling မှာ လက်နက်ကိုင်လူငယ်အဖွဲ့များနဲ့ အဆက်သွယ်ရှိသည်ဟု သတင်းရရှိထားတာကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီမှ အကြောင်းပြန်ခဲ့သော်လည်း အခြေအမြစ်မရှိ စွက်ဆွဲပြောဆိုချက်သာ ဖြစ်နိုင်ကြောင်း ဟားခါးမြို့ခံတစ်ချို့မှပြောသည်။
ထို့ပြင် Pu Tler Ling အား ဖမ်းဆီးခေါ်ဆောင်ချိန်တွင် အလွန်အကျူးရိုက်နှက်ခံခဲ့ရသဖြင့် လမ်းပင်မလျှောက်နိုင်ဘဲ စစ်ကားပေါ်သို့ စစ်သားအချို့မှ ထမ်းတင်ခဲ့ရသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်အချို့ထံမှ သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် သေဆုံးသွားခဲ့ရသည့် Pu Tler Ling မှာ မိသားစုဝင်များထံ အလောင်းပြန်မရောက်သဖြင့် မည်ကဲ့သို့ ဆက်လက်စီစဉ်မည်ကို ဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း သိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.