• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီလုပ်ရပ်အပေါ် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့မည်

စစ်ကောင်စီလုပ်ရပ်အပေါ် မီဇိုရမ်ပြည်နယ်က အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့မည်

0
By Editor on January 15, 2023 Headline

စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုက်နက်နယ်မြေထဲကို ဗုံးနှစ်ကြိမ် ကြဲချခဲ့သည့် လုပ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ စာရေးသားတင်ပြသွားမည်ဟု မီဇိုရမ်ပြည်နယ်က အင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ကပြောဆိုလိုက်သည်။

မီဇိုရမ်ပြည်နယ်ထဲက အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့ဖြစ်သည့် Central Young Mizo Association (CYMA), Mizo Upa Pawl (MUP), Mizo Hmeichhia Insuihkhawm Pawl (MHIP), Mizo Zirlai Pawl (MZP) နှင့် Mizo Student Union (MSU) တို့မှ ခေါင်းဆောင်များသည် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က CYMA ရုံးတွင် တွေ့ဆုံခဲ့ကြပြီး စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကာ အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာစစ်တပ်က အိန္ဒိယလေပိုင်နက်ထဲကို ပျံသန်းလာပြီး အိန္ဒိယပိုင်နက်နယ်မြေထဲမှာ ဗုံး ၂ ကြိမ် လာကြဲချတာဟာ အိန္ဒိယရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်လာတာဖြစ်ပြီး ယင်းအတွက်စိုးရိမ်မကင်းဖြစ်ရပြီး ပြင်းထန်စွာ ကန့်ကွက်သည်” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာအား ထိန်းသိမ်းကာကွယ်နိုင်ရေးဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းတောင်းဆိုပြီး ယင်းကိစ္စကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့သွားမည်ဟု မီဇိုရမ်ပြည်နယ်ထဲက အင်အားကြီးအရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့က ဆိုသည်။

၎င်းတို့အနေဖြင့် မကြာခင်ရက်ပိုင်းအတွင်းမှာ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Governor ထံမှတဆင့် အိန္ဒိယပြည်ထဲရေးဝန်ကြီးထံ စာရေးသားပေးပို့သွားမည်ဟု သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်း တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဝိတိုရိယစခန်းကို တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မီဇိုရမ်ပြည်နယ် Farkawn နယ်မြေထဲသို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.