Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးကြောင့် တောထဲပုန်းရှောင်ပြီး နေရပ်ပြန်လာကြသည့် သက်ကြီးပိုင်းများ ကိုယ်ခံအားပြတ်လပ်မှု ကြုံနေရ

စစ်ဘေးကြောင့် တောထဲပုန်းရှောင်ပြီး နေရပ်ပြန်လာကြသည့် သက်ကြီးပိုင်းများ ကိုယ်ခံအားပြတ်လပ်မှု ကြုံနေရ

0
By Editor on June 17, 2021 Khonumthung

အာဏာသိမ်းစစ်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) အကြားတိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ တောထဲသို့ ပုန်းရှောင်နေကြရသည့် ဟားခါးမြို့နယ် Senthang နယ်က ပြည်သူအများစုမှာ နေရပ်သို့ပြန်လာကြပြီဖြစ်သော်လည်း သက်ကြီးရွယ်အိုပိုင်းမှာ ကိုယ်ခံအားပြတ်လပ်မှုဒဏ်ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang(ဆဲန်ထန်း)နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ဆူရ်ခွါမြို့အပါအဝင် ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် ဖြစ်ပွားခဲ့သော စကစနှင့် CDF အကြားတိုက်ပွဲကြောင့် ဇွန်လဆန်းပိုင်းကစ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်းဖြစ်သည်။

“ စစ်ရှောင်ရလို့ နောက်ဆက်တွဲပြသနာတွေရင်ဆိုင်ရတယ်၊ ဘာလဲဆိုတော့ သက်ကြီးပိုင်းတော်တော်များများက အားကုန်ပြီး ကိုယ်ခံအားပြတ်လပ်ကြတယ် ပြန်နလန်မထူနိုင်ကြတော့ဘူး တစ်ချို့ဆိုရင် အောက်ဆီဂျင်နဲ့ဖြေရှင်း ရတဲ့သူတွေလည်းရှိတယ်၊ မနေ့ကတော့ အသက် ၇၀ အရွယ်အဘွားအိုတစ်ယောက်တော့ ဆုံးသွားတယ် ” ဟု ဆူရ်ခွါမြို့ခံတစ်ဦးကပြောသည်။

ဆူရ်ခွါမြို့တွင် တိုက်နယ်ဆေးခန်းရှိသော်လည်း ဆေးဝါးပြတ်လပ်ကာ ကျွမ်းကျင်လုပ်သားလည်းမရှိသည့်အတွက်ကြောင့် အခက်ကြုံနေရပြီး ဟားခါးမြို့ဘက်သို့သွားရောက်ကုသရန်မှာလည်း အခြေအနေတည်ငြိမ်မှုမရှိသေးသည့်အတွက် မသွားရဲ မလာရဖြစ်နေကြသည်ဟု အဆိုပါဒေသခံကပြောသည်။

ဆဲန်ထန်းနယ်မှ Surkhua မြို့ , Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, စသည့်ကျေးရွာ အသီး သီးတို့မှဒေသခံပြည်သူအားလုံးနည်းပါးသည် တောထဲသို့ပုန်းရှောင်ရာမှ နေရပ်သို့ပြန်လည်ကြပြီဖြစ်သော်လည်း Loklung ကျေးရွာသားများမှာမူ နေရပ်သို့မပြန်ရဲကြသေးကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Loklung ရွာအနီးတွင် စစ်ဆေးဂိတ်ထားရှိကာ ဟားခါး-မတူပီလမ်းကြောင်း အတိုင်းသွားလာသူများအား စစ်ဆေးကာ လုံခြုံရေးတင်းကြပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.