• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆန်ပြတ်လပ်မှုကြုံနေရသော ဟားခါးမြို့အတွက် ဘာသာရေးအဖွဲ့မှ ဆန်အိတ်များမှာယူပြီး အရင်းတိုင်း ပြန်လည်ရောင်းချပေး

ဆန်ပြတ်လပ်မှုကြုံနေရသော ဟားခါးမြို့အတွက် ဘာသာရေးအဖွဲ့မှ ဆန်အိတ်များမှာယူပြီး အရင်းတိုင်း ပြန်လည်ရောင်းချပေး

0
By Editor on May 4, 2023 Headline

(04SS)

စစ်ရေးပဋိပက္ခကြောင့် ဆန်ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသော ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဒေသခံပြည်သူများအတွက် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့ (HCMF) က ဆန်အိတ်များမှာယူပြီး အရင်းတိုင်းပြန်လည် ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ကလေး-ဖလမ်း-ဟားခါးလမ်းမကြီးနှင့် ဂန့်ဂေါ-ဟားခါးလမ်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့် မတ်လဆန်းပိုင်းကတည်းက ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ယနေ့ချိန်ထိ ဝင်ရောက်နိုင်ခြင်းမရှိတော့ပဲ ဟားခါးမြို့ပေါ်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့အခြေအနေကြောင့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်အိတ်တစ်ထောင် မှာယူကာ ဆန်အိတ် ၄၀၀ ကျော်ရောက်ရှိလာပြီး အခက်အခဲဖြစ်နေသော ပြည်သူများအား အရင်းတိုင်း ပြန်လည်ရောင်းချပေးခဲ့သည်ဟု HCMF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကတော့ မြို့ပေါ်မှာ အခုလို ကားအဝင်/အထွက်မရှိဖြစ်တော့ တစ်ချို့ပြည်သူတွေက တကယ် ခက်ခဲတဲ့သူတွေရှိတယ် ဆိုတော့ အဓိကဖြစ်တဲ့ ဆန်တွေမှာယူနိုင်ဖို့ ကြိုးစားခဲ့တာပေါ့နော်။ ကျန်တော်တို့ HCMF, HBA, RualUu အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကြတာ ဖြစ်တယ်” ဟု HCMF မှ တာဝန်ရှိသူကပြာသည်။

ဆန်အိတ် တစ်ထောင်မှာယူရာမှာ စနေနေ့ (ဧပြီလ ၂၉) က ဆန်အိတ် ၄၂၀ ရောက်ရှိလာပြီး မေလ ၁ ရက်နေ့က ရောင်းချပေးရာတွင် တစ်ရက်တည်း ကုန်သွားပြီဖြစ်ကာ ကျန်ဆန်အိတ် ၆၀၀ ဝန်းကျင်သည် မေလ ၃ ရက်နေ့တွင် ထပ်မံရောက်နိုင်မည်ဟုမျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆန်အိတ်များကို ပြန်လည်ရောင်းချရာတွင် မိသားစုတစ်စုလျှင် ဆန် တစ်အိတ်မှ အများဆုံး နှစ်အိတ်ထိသာ မျှဝေရောင်းချပေးပြီး ဟားခါးမြို့ရောက် စစ်ဘေးရှောင်ပြည်သူများကိုလည်း ဝယ်ယူခွင့်ပြုထားကြောင်း၊ ဆန်များရောင်းပေးရာတွင် အရင်းတိုင်း ပြန်လည်ရောင်းချပေးသည်ဟု သိရသည်။

HCMF မှ တာဝန်ရှိသူက “အခု ဆန်တွေရောင်းပေးတဲ့အခါ ဆန်ဝယ်ယူခ၊ တန်ဆာခနဲ့ ကုန်တင်ကုန်ချခတွေကိုပဲ ယူပြီးတော့ လုံးဝ အမြတ်မပါဘဲ ရောင်းပေးတာဖြစ်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ရောင်းချပေးရာတွင် ဧရာမင်းရှယ်တစ်အိတ် – ၉၅၀၀၀ ကျပ်၊ ဧရာမင်းရိုးရိုးတစ်အိတ် – ၉၂၀၀၀ ကျပ်၊ သုခရှယ် တစ်အိတ် – ၈၅၀၀၀ ကျပ်နှင့် သုခ ရိုးရိုးတစ်အိတ် – ၇၀၀၀၀ ကျပ် စသည်ဖြင့် အသီးသီးရောင်းချပေးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ယနေ့ချိန်ထိ ဖလမ်း-ဟားခါးကြား ချွန်ကျူံးကျေးရွာတွင်လည်းကောင်း၊ ဂန့်ဂေါ-ဟားခါးကြားတွင် တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဟားခါးမြို့ေပါ်သို့ စစ်ဘေးတိမ်းရှောင်လာသူ ၁၀၀၀ ကျော်ရှိပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.