• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဆန်ပြတ်လပ်မှုကြုံနေရသော မင်းတပ်မြို့ပေါ်တွင် ယနေ့ ဆန်အိတ် ၂၅၀ ရောင်းချပေးမည်

ဆန်ပြတ်လပ်မှုကြုံနေရသော မင်းတပ်မြို့ပေါ်တွင် ယနေ့ ဆန်အိတ် ၂၅၀ ရောင်းချပေးမည်

0
By Editor on August 20, 2021 Headline

စစ်ကောင်စီမှ ဆန်သယ်ယူခွင့်ကန့်သတ်ထားပြီး ဆန်ပြတ်လပ်မှု ကြုံနေရသော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန်အိတ် ၂၅၀ ကို အိမ်ခြေ ၅၀၀ အတွက် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

“အရင်မှာ ကိုဗစ်ဘေးကြောင့် ကြိုတင်ပြီးစီမံပေးတဲ့ ကိုဗစ်ဆန်ဆိုပြီးမှ ထွေအုပ်ရုံးမှာထားတဲ့ ဆန်ကို မြို့မိ/မြို့ဖတွေက တောင်းပြီးမှ မနက်ဖြန်လောက်ကစပြီး နည်းနည်းပါးပါးစီ ပိုပြီးမှ အခက်အခဲဆုံး မိသားစုတွေကို ရွေးပြီးတော့ ဆန်တအိတ်ကို ၃၀,၀၀၀ ဆိုတော့ အရင်အတိုင်း ရောင်းပေးဖို့ အစီစဉ်ရှိတယ်။ ရပ်မိ/ရပ်ဖနဲ့ စားနပ်ရိက္ခာဖြန့်ဖြူးရေးဆိုပြီးဖွဲ့တဲ့ ရပ်ကွက်ကော်မတီက ဆုံးဖြတ်တာက အိမ်ခြေ ၅၀၀ ဆိုတော့ ထက်ဝက်ပဲပေါ့၊ ဒါတောင်မှ တပတ်စာလောက်ပဲဖြစ်မှာ၊ ဒါကလည်း မြို့တွင််းငြိမ်းချမ်းမှ လုပ်လို့ရမယ်၊ မငြိမ်းချမ်းရင်တော့ အခက်အခဲဖြစ်မှာ” ဟု မင်းတပ်မြို့မိ/မြို့ဖများထံမှ သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ရိက္ခာသယ်ယူသည့် လမ်းကြောင်းတွင် စစ်ကောင်စီ၏ တင်းကြပ်မှုနှင့် ရိက္ခာသယ်ယူရာတွင် အကန့်သတ်ဖြင့် သယ်ယူနေရသောကြောင့် မင်းတပ်မြို့ပေါ်တွင် ဆန်၊ စားသုံးဆီ၊ စက်သုံးဆီများ ပြတ်လပ်နေခြင်းဖြစ်သည်။

မင်းတပ်မြို့ပေါ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး လူဦးရေ နှစ်သောင်းဝန်ကျင်နေထိုင်ကြသော်လည်း ဧပြီလကုန်ပိုင်းကစပြီး မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်လာခြင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမင်း တပ်မြို့ပေါ်တွင် စာရင်းအရ လူဦးရေ ၆ ထောင်ကျော် ပြန်ရောက်ရှိနေကြောင်းလည်း မင်းတပ်ဒေသခံများထံက သိရသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်ရှိနေပြီး မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက အိမ်ထောင်စုစာရင်းများ လိုက်လံစစ်ဆေးနေသည့်အပြင် ယခုရက်ပိုင်းတွင်လည်း အကြောင်းမဲ့ဖမ်းဆီးခံရသော ဒေသခံပြည်သူ ၆ ဦးခန့်ရှိကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.