Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တစ်လကျော်ကြာ Tilim Operation 02 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ချင်း ပူးပေါင်းတပ်ဖွဲ့မှ ၄ ဦး ကျဆုံး

တစ်လကျော်ကြာ Tilim Operation 02 စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ချင်း ပူးပေါင်းတပ်ဖွဲ့မှ ၄ ဦး ကျဆုံး

0
By Editor on August 17, 2023 Headline

(03PT)

ချင်းပြည်နယ် ထန်တလန်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက Tilim Operation 02 စစ်ဆင်ရေး ရက်ပေါင်း ၃၇ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ အများပြားဒဏ်ရာရှိခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဖက်မှ ၄ ဦး ကျဆုံးခဲ့သည်ဟု CDF-Thangtlang က ထုန်ပြန်သည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်နေရာယူ စခန်းချထားသည့် နေရာများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Chin National Army၊ Chinland Defense Force-Thantlang၊ နှင့် Chinland Defense Force-Zophei တို့က လွန်ခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကစ၍ Tilim Operation 02 အမည်ပေး စစ်ဆင်ရေးကို စတင်ဖော်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

ယင်း Tilim Operation 02 စစ်ဆင်ရေးဖော်‌ဆောင်နေချိန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထန်တလန်မြို့ ခလရ-၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား တစ်ဦးမှာ လက်နက်အပြည်အစုံဖြင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ထံ ပူးပေါင်းအလင်းဝင်ခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က Tilim Operation 02 စစ်ဆင်ရေးအနေဖြင့် သြဂုတ်လ ၁၄ ရက်နေ့ မနက် ၅ နာရီအချိန်ကစတင်ကာ ထန်တလန်မြို့ပေါ်အခြေစိုက် အင်အား ၁၆၀ ခန့်ရှိ စစ်ကောင်စီတပ်ရင်း ခလရ-၂၆၉ အပါဝင်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့ကြားရှိ Auto တောင်ကြော၊ TBC, TABC စသည့်နေရာများတွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြသည်။ 

၃၇ ရက်ကြာ ယင်း Tilim Operation 02 စစ်ဆင်ရေးတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း CDF-Thantlang က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်စခန်းခွဲ Haukabung စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင်၊ သေနတ် ၃ လက်၊ RPG ၂ ခု၊ ကျက်ဆံ နှင့် ဗုံးများကိုလည်း သိမ်းဆည်းရယူနိုင်ခဲ့ကြောင်း ဆိုသည်။

ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ CDF-Thangtlang တပ်သား ၁ ဦး နှင့် CDF-Zophei တပ်သား ၃ ဦး တို့မှာ တိုင်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်း Tilim Operation 02 စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ် ခွါဖိုကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦးအပါဝင် လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီတပ်သား အင်အားထပ်မံတိုးမြင့်ကာ စစ်ဆင်ရေးဖော်ဆောင်လာနိုင်သည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင့် ပြည်သူများအနေဖြင့် အသွားလာနေထိုင် ဆင်ခြင်သတိပြုကြရန် CDF-Thantlang က အသိပေးထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးငယ်နှင့် အမျိုးသမီးအများစု ပါဝင်သည့် ချင်းလူမျိုး ၂၀ ခန့် မလေးရှားသို့ အဝင်မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရ

နယူးဒေလီရောက် မြန်မာစစ်ရှောင်များ သတိထားနေထိုင်ကြရန် India for Myanmar သတိပေး

တိုက်ပွဲကြောင့် တီးတိန် စစ်ဘေးရှောင် ၁၀၀၀ ကျော် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါများ လိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.