#Unicode
By လားနွန် – တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတဝှမ်းဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ချင်းပြည်နယ်အမျိူးသား ဒီမိုကရေစီအဖွဲ့ NLD ကိုယ်စားလှယ်များက ယနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိူးထိုက်က “ကျနော်တို့ အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုမှာရော ကျနော်ချင်းပြည်နယ်ရော ပြည်သူတွေက ရွေးကောက်တင်မြှေက်တယ်ဆို တာက တိုင်းသိပြည်သိကမ႓ာသိဖြစ်တယ်၊ အဲဒါက တရားမျှတတဲ့ရွေးကောက်ပွဲလည်းဖြစ်တယ် ပြည်သူတွေက အသဲကြားကမဲတစ်ပြားနဲ့ ရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တယ်၊ အခုအဖမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲများ ခေါင်းဆောင်တွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုပါတယ်” ဟု ပြောသည်။
တပ်မတော်မှ နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက သိမ်းယူခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီခေါင်းဆောင်များဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ချင်းပြည်နယ်တွင်လည်း စည်ပင်သာယာရေး၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဖွေအား၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့နှင့် လွှတ်တော်ဒုတိယဥက္ကဌဦးတိတ်ထန်းတို့မှာ ယနေ့ချိန်ထိထိန်းသိမ်းထားဆဲဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ (၃.၂.၂၀၂၁) နေ့စွဲပါသဘောထားထုတ်ပြန်ကြေညာချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အတည်ပြုပြီးရလဒ်များကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များနှင့်ညီ သတ်မှတ်ရက်အတွင်း အမြန်ဆုံးကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းစဉ်းကို အဟန့်အတားဖြစ်စေသည့် ကိစ္စများအား ချွင်းချက်မရှိရပ်ဆိုင်းပေးရန်တောင်ဆိုသည်ဟု ချင်းပြည်နယ် NLD ကိုယ်စားလှယ်များ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ဆလိုင်းမျိူးထိုက်က “ကျနော်တို့က ဒီမိုကရေစီလိုလားတဲ့ပြည်သူတစ်ယောက်ပါ ဘယ်စစ်အစိုးရ ဘယ်အာဏာရှင်ကိုမှ လုံးဝသီးမခံပါဘူး အဲဒါကြောင့် ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်သူတွေရွေးချယ်တဲ့အစိုးရ ဦးဆောင်တဲ့အစိုးရ ပြည်သူတွေက နိုင်ငံတော်ရဲ့ အချုပ်ချာအာဏာတွေကိုပိုင်တဲ့ အစိုးရပဲဖြစ်စေချင်ပါတယ် နိုင်ငံတော်ရဲ့ မူလပိုင်ရှင်ဟာ ပြည်သူပဲဖြစ်ပါတယ် ဘယ်သူမှမဖြစ်စေရဘူး တိုင်းပြည်တစ်ပြည်မှာ ပြည်သူသာအဓိက ပြည်သူမရှိတဲ့တိုင်းပြည်ဟာ အဲဒီတိုင်းပြည်ကို နိုင်ငံလို့ပြောလို့မရပါဘူး အဲဒါကြောင့် ကျနော်တို့လိုချင်တာက ပြည်သူတင်မြှောက်တဲ့အစိုးရသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ရမယ် အဲဒါကြောင့် ဘယ်စစ်အာဏာရှင် ဘယ်စစ်အစိုးရမဆို ကျနော်တို့တွေက ဒီမိုကရေစီအရ လက်သင့်မခံတာဖြစ်တယ် အဲဒါကြောင့် ကျနော်တို့လိုချင်တာက ဒီမိုကရေစီပါ” ဟု ပြောသည်။
#Zawgyi
By လားနွန် – တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံတဝှမ်းဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ချင်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ NLD ကိုယ်စားလှယ်များက ယနေ့ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်ပလက်ဝမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က “ကျနော်တို့ အမျိုးသားဒီမိုကေ ရစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုမှာရော ကျနော်ချင်းပြည်နယ်ရော ပြည်သူတွေက ရွေးကောက်တင်မြှေက်တယ်ဆို တာက တိုင်းသိပြည်သိကမ္ဘာသိဖြစ်တယ်၊ အဲဒါက တရားမျှတတဲ့ရွေးကောက်ပွဲလည်းဖြစ်တယ် ပြည်သူတွေက အသဲကြားကမဲတစ်ပြားနဲ့ ရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်တယ်၊ အခုအဖမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲများ ခေါင်းဆောင်တွေအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုပါတယ်” ဟု ပြောသည်။
ဆလိုင်းမျိုးထိုက်က “ကျနော်တို့က ဒီမိုကရေစီလိုလားတဲ့ပြည်သူတစ်ယောက်ပါ ဘယ်စစ်အစိုးရ ဘယ်အာဏာရှင်ကိုမှ လုံးဝသီးမခံပါဘူး အဲဒါကြောင့် ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြည်သူတွေရွေးချယ်တဲ့အစိုးရ ဦးဆောင်တဲ့အစိုးရ ပြည်သူတွေက နိုင်ငံတော်ရဲ့ အချုပ်ချာအာဏာတွေကိုပိုင်တဲ့ အစိုးရပဲဖြစ်စေချင်ပါတယ် နိုင်ငံတော်ရဲ့ မူလပိုင်ရှင်ဟာ ပြည်သူပဲဖြစ်ပါတယ် ဘယ်သူမှမဖြစ်စေရဘူး တိုင်းပြည်တစ်ပြည်မှာ ပြည်သူသာအဓိက ပြည်သူမရှိတဲ့တိုင်းပြည်ဟာ အဲဒီတိုင်းပြည်ကို နိုင်ငံလို့ပြောလို့မရပါဘူး အဲဒါကြောင့် ကျနော်တို့လိုချင်တာက ပြည်သူတင်မြှောက်တဲ့အစိုးရသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ရမယ် အဲဒါကြောင့် ဘယ်စစ်အာဏာရှင် ဘယ်စစ်အစိုးရမဆို ကျနော်တို့တွေက ဒီမိုကရေစီအရ လက်သင့်မခံတာဖြစ်တယ် အဲဒါကြောင့် ကျနော်တို့လိုချင်တာက ဒီမိုကရေစီပါ” ဟု ပြောသည်။