• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန္ျမဳိ႕နယ္မွာ တစ္ရက္ထဲတြင္ ကုိဗစ္ပုိးေတြ႕လူနာ (၂၂) ဦးထပ္မံေတြ႔ရွိ ျပီး၊ Stay At Home ျပဳလုပ္ရန္ တင္ျပထားဟုဆို

တီးတိန္ျမဳိ႕နယ္မွာ တစ္ရက္ထဲတြင္ ကုိဗစ္ပုိးေတြ႕လူနာ (၂၂) ဦးထပ္မံေတြ႔ရွိ ျပီး၊ Stay At Home ျပဳလုပ္ရန္ တင္ျပထားဟုဆို

0
By Editor on January 12, 2021 Headline

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ တစ်ရက်ထဲတွင် ကိုဗစ်ပိုးတွေ့လူနာ (၂၂) ဦးထပ်မံပိုးတွေ့ရှိပြီး တီးတိန်မြို့ကို Stay At Home ပြုလုပ်ရန် ပြည်ထောင်စု ကိုဗစ်ထိန်းချုပ်ရေးကော်မတီထံ တင်ပြထားကြောင်း ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ မနေ့ကစစ်လိုက်တော့ Positive အများကြီးထွက်လာတာကြည့်ခြင်းအားဖြင့်ပြည်ပကနေပြန်လာ တာမဟုတ်ပဲနဲ့ ပြည်တွင်းကူးစက်မှုအစုလိုက်ကူးစက်မှုလို့ နာမည်တပ်ပါတယ်၊ ဒီအရာကို ကြည့်ခြင်း အားဖြင့် ကျွန်တော်တို့ ပိုဂရုစိုက်ရတော့မယ်။ အခုတီးတိန်ကိုလည်းကျွန်တော်တို့ Stay At Home ပုံစံလုပ်ဖို့ ဟိုနေ့ကဆွေးနွေးကြပါတယ်၊ ကူးစက်မှုကအဝင်အထွက်မပိတ်ဘူးဆိုရင် အများကို ကူးနိုင်ဖို့အတွက် အရမ်းမြန်ဆန်လာမှာ ဒီ Stay At Home ကို ကျွန်တော်တို့ အမျိုးသားကော်မတီကို တင်ပြပြီးတော့၊ အမျိုးသားကော်မတီရဲ့လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ခွင့်ပြု ချက်ရရင် အမိန့်ထုတ်မှာ ဒီ ၁၊ ၂ ရက် အတွင်းပေါ့” ဟု ဦးပေါင်လွန်မင်းထန်ကပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ တစ်ရက်ထဲ ချင်းပြည််နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ (၂၆) ဦးအထိရှိခဲ့ပြီး တီးတိန်မြို့နယ်တွင် (၂၂) ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တီးတိန််မြို့နယ်မှ ပိုးတွေ့ရှိသူများမှာ တီးတိန််မြို့နယ်၊ ဆွောင်းဖေကျေးရွာမှ အသက် (၃၇) နှစ်အရွယ်အမျိုးသားတစ်ဦး၊ တီးတိန်မြို့၊လွယ်ဘွာလ်းရပ်ကွက်မှ အသက် (၅၆) နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ အသက် (၇) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊ စကော လမ်းရပ်ကွက်မှ အသက် (၄၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၃၃) နှစ်အရွယ်အမျိုးသမီး တစ်ဦး၊ အသက် (၁၄) နှစ်အရွယ်အမျိုးသားတစ်ဦီး၊ အသက် (၆၁) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၁၀) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၁၂) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၇) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၈) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၅၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၈၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၅၁) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့နယ်၊ အန်းလန်းကျေးရွာမှ အသက် (၂၃) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် (၁၉) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၅၀) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၇၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊အသက် (၁၆) နှစ်အရွယ်အမျိုးသားတစ်ဦး၊အသက် (၇၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ တီးတိန်မြို့နယ်၊ လိုင်လိုးကျေးရွာမှ အသက် (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးတိုု့ဖြစ်ကြသည်။

ထို့ပြင် ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် တီးတိန်မြို့သို့သွားရောက်ပြီး ပြန်လာသူအမျိုးသမီးတစ်ဦး၊ တီး တိန်မြို့ ကိုသွားရောက်ခဲ့ပြီး ဖလမ်းမြို့တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးနှင့် အတူနေအိမ်သားတစ်ဦး၊ ကလေးဝမြို့မှ ထန်တလန်မြို့တွင် အလုပ်သွားလုပ်သူ(အသွားအလာကန့်သတ်ထားသူ) တစ်ဦးတို့တွင်လည်း ကိုဗစ်ပိုးတွေ့ခဲ့ ကြောင်းသိရသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေကြသော ကိုဗစ်အတည်ပြုလူနာ (၆) ဦးမှာမူ ကျန်းမာရေးကောင်းမွန် သောကြောင့် ယနေ့ မနက် (၁၀) နာရီအချိန်တွင်ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး လက်ရှိတီးတိန်ပြည်သူ့ဆေးရုံတွ င်ကိုဗစ်ပိုးတွေ့လူနာ (၄၁) ဦး ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်သည် ကိုဗစ်ပိုးကူးစက်ခံရမှု့ မြင့်တက်လာခြင်းကြောင့် တီးတိန်မြို့ နယ်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောခြင်း၊ ရင်ကြပ်ခြင်း၊ လည်ချောင်းနာခြင်း လက္ခာများခံစားရပါက အနီးစပ်ဆုံး ကျန်းမာရေးဌာနကို သွားရောက်စစ်ဆေးမှု့ခံယူရန် နှင့် ကျန်းမာရေးဌာနမှ ညွှန်ကြားချက်အတိုင်းလိုက်နာကြရန် ချင်းပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ထားသည်။

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံံရသူ (၃၃၆) ဦးနှင့် သေဆုံးသူ (၃) ဦးအထိရှိလာပြီးဖြစ်သည်။

#Zawgyi

ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕နယ္မွာ တစ္ရက္ထဲတြင္ ကုိဗစ္ပုိးေတြ႔လူနာ (၂၂) ဦးထပ္မံပုိးေတြ႔ရွိျပီး တီးတိန္ျမဳိ႕ကုိ Stay At Home ျပဳလုပ္ရန္ ျပည္ေထာင္စု ကိုဗစ္ထိန္းခ်ဳပ္ေရးေကာ္မတီထံ တင္ျပထားေၾကာင္း ခ်င္းျပည္နယ္၊ လူမႈေရးဝန္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။  

“ မေန႔ကစစ္လုိက္ေတာ့ Positive အမ်ားၾကီးထြက္လာတာၾကည့္ျခင္းအားျဖင့္ျပည္ပကေနျပန္လာ တာမဟုတ္ပဲနဲ႔ ျပည္တြင္းကူးစက္မႈအစုလုိက္ကူးစက္မႈလုိ႔ နာမည္တပ္ပါတယ္၊ ဒီအရာကုိ ၾကည့္ျခင္း အားျဖင့္ ကြ်န္ေတာ္တို႔ ပုိဂရုစုိက္ရေတာ့မယ္။ အခုတီးတိန္ကိုလည္းကြ်န္ေတာ္တုိ႔ Stay At Home ပုံစံလုပ္ဖုိ႔ ဟုိေန႔ကေဆြးေႏြးၾကပါတယ္၊ ကူးစက္မႈကအဝင္အထြက္မပိတ္ဘူးဆုိရင္ အမ်ားကုိ ကူးႏုိင္ဖုိ႔အတြက္ အရမ္းျမန္ဆန္လာမွာ ဒီ Stay At Home ကုိ ကြ်န္ေတာ္တုိ႔ အမ်ဳိးသားေကာ္မတီကို တင္ျပျပီးေတာ့၊ အမ်ဳိးသားေကာ္မတီရဲ႕လမ္းညႊန္ခ်က္နဲ႔အညီ ေဆာင္ရြက္ဖုိ႔ စီစဥ္ထားပါတယ္။ ခြင့္ျပဳ ခ်က္ရရင္ အမိန္႔ထုတ္မွာ ဒီ ၁၊ ၂ ရက္ အတြင္းေပါ့” ဟု ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ဇန္နဝါရီလ ၁၁ ရက္ေန႔ တစ္ရက္ထဲ ခ်င္းျပည္္နယ္တြင္ ကုိဗစ္-၁၉ေရာဂါပုိးကူးစက္ခံရသူ (၂၆) ဦးအထိရွိခဲ့ျပီး တီးတိန္ျမဳိ႕နယ္တြင္ (၂၂) ဦး ေတြ႔ရွိခဲ့ျခင္းျဖစ္သည္။

တီးတိန္္ျမဳိ႕နယ္မွ ပုိးေတြ႔ရွိသူမ်ားမွာ တီးတိန္္ျမဳိ႕နယ္၊ ေဆြာင္းေဖေက်းရြာမွ အသက္ (၃၇) ႏွစ္အ ရြယ္အမ်ဳိးသားတစ္ဦး၊ တီးတိန္ျမဳိ႕၊လြယ္ဘြာလ္းရပ္ကြက္မွ အသက္ (၅၆) ႏွစ္အရြယ္အမ်ဳိးသမီး တစ္ဦး၊ အသက္ (၇) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ အသက္ (၉) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ စေကာ လမ္းရပ္ကြက္မွ အသက္ (၄၄) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ အသက္ (၃၃) ႏွစ္အရြယ္အမ်ဳိးသမီး တစ္ဦး၊ အသက္ (၁၄) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦီး၊ အသက္ (၆၁) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ အသက္ (၁၀) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ အသက္ (၁၂) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၇) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၈) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၅၀) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၈၀) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၅၁) ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦး၊ တီးတိန္ျမဳိ႕နယ္၊ အန္းလန္းေက်းရြာမွ အသက္ (၂၃) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ အသက္ (၁၉) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၅၀) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊ အသက္ (၇၄) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊အသက္ (၁၆) ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊အသက္ (၇၄) ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦး၊ တီးတိန္ျမဳိ႕နယ္၊ လုိင္လုိးေက်းရြာမွ အသက္ (၂၂) ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး တုို႔ျဖစ္ၾကသည္။

ထို႔ျပင္ ခ်င္းျပည္နယ္၊ တြန္းဇံျမဳိ႕တြင္ တီးတိန္ၿမိဳ႕သို႔သြားေရာက္ၿပီး ျပန္လာသူအမ်ဳိးသမီးတစ္ဦး၊ တီး တိန္ျမဳိ႕ ကုိသြားေရာက္ခဲ့ျပီး ဖလမ္းျမဳိ႕တြင္ အလုပ္လုပ္ကုိင္ေနသူတစ္ဦးႏွင့္ အတူေနအိမ္သားတစ္ဦး၊ ကေလးဝျမဳိ႕မွ ထန္တလန္ျမဳိ႕တြင္ အလုပ္သြားလုပ္သူ(အသြားအလာကန္႔သတ္ထားသူ) တစ္ဦးတုိ႔တြင္လည္း ကိုဗစ္ပိုးေတြ႕ခဲ့ ေၾကာင္းသိရသည္။

တီးတိန္ျမဳိ႕ျပည္သူ႔ေဆးရုံတြင္ ကုသမႈခံယူေနၾကေသာ ကုိဗစ္အတည္ျပဳလူနာ (၆) ဦးမွာမူ  က်န္းမာေရးေကာင္းမြန္ ေသာေၾကာင့္ ယေန႔ မနက္ (၁၀) နာရီအခ်ိန္တြင္ေဆးရုံမွဆင္းခြင့္ျပဳလုိက္ၿပီး လက္ရွိတီးတိန္ျပည္သူ႔ေဆးရုံတြ င္ကုိဗစ္ပုိးေတြ႔လူနာ (၄၁) ဦး ေဆးကုသမႈ ခံယူေနေၾကာင္းသိရသည္။

ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕နယ္သည္ ကုိဗစ္ပုိးကူးစက္ခံရမႈ႔ျမင့္တက္လာျခင္းေၾကာင့္ တီးတိန္ျမဳိ႕ နယ္တြင္ေနထုိင္ၾကေသာ ျပည္သူမ်ားအေနျဖင့္ ဖ်ားျခင္း၊ေခ်ာင္းဆုိးျခင္း၊ေမာျခင္း၊ ရင္ၾကပ္ျခင္း၊လည္ ေခ်ာင္းနာျခင္း လကၡာမ်ားခံစားရပါက အနီးစပ္ဆုံး က်န္းမာေရးဌာနကို သြားေရာက္စစ္ေဆးမႈ႔ခံယူရန္ ႏွင့္ က်န္းမာေရးဌာနမွ ညႊန္ၾကားခ်က္အ တုိင္းလုိက္နာၾကရန္ ခ်င္းျပည္နယ္၊ ျပည္သူ႔က်န္းမာေရးဌာနကထုတ္ျပန္ထားသည္။ 

ခ်င္းျပည္နယ္တစ္ျပည္နယ္လုံးတြင္ လက္ရွိအခ်ိန္ထိ ကုိဗစ္-၁၉ ေရာဂါကူးစက္ခံံရသူ (၃၃၆) ဦးႏွင့္ ေသဆုံးသူ (၃) ဦးအထိရွိလာျပီးျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.