• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန္ၿမိဳ႕မွ Covid-19 လူနာအမွတ္(၁) ေဆးရံုမွဆင္းၿပီ

တီးတိန္ၿမိဳ႕မွ Covid-19 လူနာအမွတ္(၁) ေဆးရံုမွဆင္းၿပီ

0
By Editor on April 30, 2020 Khonumthung

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနသည့္ Covid-19 လူနာအမွတ္(၁) သည္ ဓာတ္ခြဲစစ္ေဆးမႈအေျဖ ၂ ႀကိမ္ဆက္တိုက္ Negative ျပၿပီး က်န္မားေရေကာင္းမြန္သည့္အတြက္ ယေန႔နံနက္ပုိင္း ၁၁ နာရီခန္႔မွ ေဆးရံုမွ ဆင္းသြားၿပီဟု ခ်င္းျပည္နယ္ လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“အခုပဲဆင္းျပီးပါျပီ ႏွစ္ၾကိမ္စစ္ေဆးျပီးေတာ့ Negative ျဖစ္ျပီးဆင္းခိုင္းပါတယ္ သူ႔ကို အိမ္ပဲျဖစ္ျဖစ္ ဟိုတယ္ပဲျဖစ္ျဖစ္မွာ (၁၄) ရက္နားရပါမယ္ အဲဒီ (၁၄) ရက္အတြင္းမွာ သူဘာမွမျဖစ္ဘူးဆိုရင္ေတာ့ အျပီးအစီးျဖစ္သြားျပီ ေလာေလာဆယ္ေတာ့ သူနွစ္ၾကိမ္ Negative ျဖစ္ရံုနဲ႔ ထြက္ခြင့္ေပးတာမဟုတ္ပဲ သူက်န္းက်န္းမာမာရိွမရိွ စစ္ျပီးမွထြက္ခြင့္ေပးတာပါ” ဟု ၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

အေမရိကန္တြင္ေနထုိင္ၿပီး မဂၤလာေဆာင္ရန္ ျမန္မာႏိုင္ငံသုိ႔ျပန္လာသည့္ အဆိုပါ လူနာအမွတ္(၁) သည္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ကပ္တဲလ္ေက်းရြာတြင္ ေနထုိင္သည့္အခ်ိန္တြင္ ကိုယ္ပူခ်ိန္ျမင့္တက္ၿပီး တီးတိန္ျပည္သူ႔ ေဆးရံုသို႔ မတ္လ ၂၁ ရက္ေန႔ကတက္ေရာက္ကာ မတ္လ ၂၃ ရက္ေန႔တြင္ ေရာဂါပိုးေတြ႔ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာနက ထုန္ျပန္ခဲ့သည္။

၎ကို တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ သီးသန္႔ကုသကာ swab နမူနာကိုရယူၿပီး ၇ ႀကိမ္တိုင္တိုင္ ဓာတ္ခြဲစစ္ေဆးခဲ့ၾကသည္။ ၅ ႀကိမ္ေျမာက္အထိ ေရာဂါပိုးသည္ Positive ျပေနေသးၿပီး ၆ ႀကိမ္ႏွင့္ ၇ ႀကိမ္ေျမာက္တြင္ Negative ျပသခဲ့ျခင္းျဖစ္သည္။

လူနာအမွတ္(၁) ႏွင့္ ထိေတြ႔မႈရွိခဲ့ေသာေၾကာင့္ ေရာဂါကူးစက္ကာ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ကုသမႈခံယူလ်က္ရွိသည့္ လူနာ (၄) ဦး၏ ဓာတ္ခြဲအေျဖသည္ ယေန႔ခ်ိန္ထိ Positive ျပေနေသးသည္ဟု သိရသည္။ ၎တို႔အားလံုး၏ က်န္းမာေရးအေျခအေနမွာေကာင္းမြန္ေၾကာင္း ၀န္ႀကီးကေျပာသည္။

ယခုလက္ရွိ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ Covid-19 ပိုးေတြ႔လူနာ (၄) ဦး၊ ဟားခါးၿမိဳ႕ျပည္သူ႔ေဆးရံုတြင္ (၁) ဦး ကုသမႈခံယူလ်က္ရွိၾကသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 လူနာအမှတ်(၁) သည် ဓာတ်ခွဲစစ်ဆေးမှုအဖြေ ၂ ကြိမ်ဆက်တိုက် Negative ပြပြီး ကျန်မားရေကောင်းမွန်သည့်အတွက် ယနေ့နံနက်ပိုင်း ၁၁ နာရီခန့်မှ ဆေးရုံမှ ဆင်းသွားပြီဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“အခုပဲဆင်းပြီးပါပြီ နှစ်ကြိမ်စစ်ဆေးပြီးတော့ Negative ဖြစ်ပြီးဆင်းခိုင်းပါတယ် သူ့ကို အိမ်ပဲဖြစ်ဖြစ် ဟိုတယ်ပဲဖြစ်ဖြစ်မှာ (၁၄) ရက်နားရပါမယ် အဲဒီ (၁၄) ရက်အတွင်းမှာ သူဘာမှမဖြစ်ဘူးဆိုရင်တော့ အပြီးအစီးဖြစ်သွားပြီ လောလောဆယ်တော့ သူနှစ်ကြိမ် Negative ဖြစ်ရုံနဲ့ ထွက်ခွင့်ပေးတာမဟုတ်ပဲ သူကျန်းကျန်းမာမာရှိမရှိ စစ်ပြီးမှထွက်ခွင့်ပေးတာပါ” ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

အမေရိကန်တွင်နေထိုင်ပြီး မင်္ဂလာဆောင်ရန် မြန်မာနိုင်ငံသို့ပြန်လာသည့် အဆိုပါ လူနာအမှတ်(၁) သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာတွင် နေထိုင်သည့်အချိန်တွင် ကိုယ်ပူချိန်မြင့်တက်ပြီး တီးတိန်ပြည်သူ့ ဆေးရုံသို့ မတ်လ ၂၁ ရက်နေ့ကတက်ရောက်ကာ မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုန်ပြန်ခဲ့သည်။

၎င်းကို တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် သီးသန့်ကုသကာ swab နမူနာကိုရယူပြီး ၇ ကြိမ်တိုင်တိုင် ဓာတ်ခွဲစစ်ဆေးခဲ့ကြသည်။ ၅ ကြိမ်မြောက်အထိ ရောဂါပိုးသည် Positive ပြနေသေးပြီး ၆ ကြိမ်နှင့် ၇ ကြိမ်မြောက်တွင် Negative ပြသခဲ့ခြင်းဖြစ်သည်။

လူနာအမှတ်(၁) နှင့် ထိတွေ့မှုရှိခဲ့သောကြောင့် ရောဂါကူးစက်ကာ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်ကုသမှုခံယူလျက်ရှိသည့် လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေသည် ယနေ့ချိန်ထိ Positive ပြနေသေးသည်ဟု သိရသည်။ ၎င်းတို့အားလုံး၏ ကျန်းမာရေးအခြေအနေမှာကောင်းမွန်ကြောင်း ဝန်ကြီးကပြောသည်။

ယခုလက်ရှိ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် Covid-19 ပိုးတွေ့လူနာ (၄) ဦး၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် (၁) ဦး ကုသမှုခံယူလျက်ရှိကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.