• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် ဝန်ထမ်း အင်အား ၁၂၅၄ ဦးရှိသည့်အနက် ၂၈၀ ကျော်မှ CDM လှုပ်ရှားမှုတွင် ပါဝင်

တီးတိန်မြို့တွင် ဝန်ထမ်း အင်အား ၁၂၅၄ ဦးရှိသည့်အနက် ၂၈၀ ကျော်မှ CDM လှုပ်ရှားမှုတွင် ပါဝင်

0
By Editor on February 25, 2021 Headline
#Unicode
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အစိုးရဝန်ထမ်း အင်အား ၁၂၅၄ ဦးခန့်ရှိသည့်အနက် ယနေ့အထိ ၂၈၅ ဦးမှ CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။
တီးတိန်မြို့၊ လူငယ်ခေါင်းဆောင်တစ်ဦးက “ တီးတိန်မြို့ပေါ်မှာက အစိုးရဝန်ထမ်းက ၁၂၅၄ ဦး ရှိ တယ်၊ ဌာနတစ်ခုမှာ အကုန်လုံးမဟုတ်ပဲ ၈ယောက် ၄ယောက်တို့ပါဝင်ကြတယ်၊ ပါဝင်မှုဆိုရင် ကျန်း မာရေးက ပါဝင်မှုပိုများမယ်၊ ကုသရေးပိုင်းကလည်း CDM မှာ အယောက် ၄၀၊ ၅၀ ဝန်းကျင်လောက်ပါဝင်တယ်” ဟု ပြောသည်။
CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပြည်သူ့ကျန်းမာရေးမှ ဝန်ထမ်းအင်အား ၂၁၆ ဦးဖြင့် အများဆုံးပါဝင်နေပြီး အခြားအစိုးရဝန်ထမ်းများသည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေကြေ ကြာင်းသိရသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့် အနေဖြင့် အစိုးရဝန်ထမ်း အများအပြားမှ အလုပ်အဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြခြင်း ဖြစ်သည်။
တီးတိန်မြို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသော ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံအုပ်မှ ဝန်ထမ်းလစာများကို လွဲပေးခြင်းများပြုလုပ်ပေးမည် မဟုတ်ကြောင်း ခြိမ်ခြောက်မှုများ ရင်ဆိုင်နေရသည့်အပြင် ဌာနဆိုင်ရာ အရာရှိများမှ ဖိအားပေးမှုများရှိနေကြောင်းသိရသည်။
#Zawgyi
ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕တြင္ အစုိးရဝန္ထမ္း အင္အား ၁၂၅၄ ဦးခန္႔ရွိသည့္အနက္ ယေန႔အထိ ၂၈၅ ဦးမွ CDM လႈပ္ရွားမႈတြင္ ပါဝင္ၾကေၾကာင္း CDM Supporting Tedim ၏ စာရင္းထုတ္ျပန္ခ်က္အရ သိရသည္။
တီးတိန္ျမဳိ႕၊ လူငယ္ေခါင္းေဆာင္တစ္ဦးက “ တီးတိန္ျမဳိ႕ေပၚမွာက အစုိးရဝန္ထမ္းက ၁၂၅၄ ဦး ရွိ တယ္၊ ဌာနတစ္ခုမွာ အကုန္လုံးမဟုတ္ပဲ ၈ေယာက္ ၄ေယာက္တုိ႔ပါဝင္ၾကတယ္၊ ပါဝင္မႈဆုိရင္ က်န္း မာေရးက ပါဝင္မႈပုိမ်ားမယ္၊ ကုသေရးပုိင္းကလည္း CDM မွာ အေယာက္ ၄၀၊ ၅၀ ဝန္းက်င္ေလာက္ပါဝင္တယ္” ဟု ေျပာသည္။
CDM Supporting Tedim ၏ စာရင္းထုတ္ျပန္ခ်က္အရ CDM လႈပ္ရွားမႈတြင္ ျပည္သူ႔က်န္းမာေရးမွ ဝန္ထမ္းအင္အား ၂၁၆ ဦးျဖင့္ အမ်ားဆုံးပါဝင္ေနျပီး အျခားအစုိးရဝန္ထမ္းမ်ားသည္လည္း CDM လႈပ္ရွားမႈတြင္ ပါဝင္ေနၾကေ ၾကာင္းသိရသည္။
အာဏာသိမ္း စစ္ေကာင္စီ၏ လက္ေအာက္တြင္ အလုပ္မလုပ္လုိေၾကာင္း ျပသသည့္ အေနျဖင့္ အစုိးရဝန္ထမ္း အမ်ားအျပားမွ အလုပ္အဆင္းဘဲ CDM လႈပ္ရွားမႈတြင္ ပါဝင္ေနၾကျခင္း ျဖစ္သည္။
တီးတိန္ျမဳိ႕ CDM လႈပ္ရွားမႈတြင္ ပါဝင္ေနၾကေသာ က်န္းမာေရးဝန္ထမ္းမ်ားကုိ ေဆးရုံအုပ္မွ ဝန္ထမ္းလစာမ်ားကုိ လြဲေပးျခင္းမ်ားျပဳလုပ္ေပးမည္ မဟုတ္ေၾကာင္း ျခိမ္ေျခာက္မႈမ်ား ရင္ဆုိင္ေနရသည့္အျပင္ ဌာနဆုိင္ရာ အရာရွိမ်ားမွ ဖိအားေပးမႈမ်ားရွိေနေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.