Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ
Photo- The Chin Journal

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

0
By Editor on May 30, 2023 Headline

(01RB)

ချင်းပြည်နယ် ထန်တလန်မြို့နယ်ဖက်ကို စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်နှင့် စစ်သုံးရဟတ်ယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်နေသည်ဟု သိရသည်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့်ရက်ပိုင်းက ဟားခါးမြို့မှ ထန်တလန်မြို့ဖက်သို့ စစ်ကြောင်းချီတက်လာခဲ့ကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များ ခြေကုပ်ယူထားသည်ဟု ယူဆရသော ဟားခါး-ထန်တလန်ကြားနှင့် ထန်တလန်မြို့ပေါ်ကို မေလ ၂၅ ရက်နေ့ကစ၍ တိုက်လေယာဉ်နှင့် စစ်သုံးရဟတ်ယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

ဟားခါး-ထန်တလန်ကြား သီမစ်အနီး လုံခါရ် (Lungkhar) နှင့် သီမစ်အောက်ပိုင်း‌ဖက်ကို စစ်ကောင်စီက လေကြောင်းနှင့် ခြေလျှင်တပ်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ မေလ ၂၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ချင်းကာကွယ်ပူးပေါင်းတပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးမှုတချို့ရှိသည်ဟုလည်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့နယ်အား ပြန်လည်ထိန်းချုပ်စိုးမိုးနိုင်ရန်အတွက် စစ်အင်အားအလုံးအရင်းဖြင့် မြေပြင်နှင့်လေကြောင်းမှထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ယူဆရပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာမည့်အခြေအနေရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.