• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းအား ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဖလမ်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှု CNO/CNDF ကန့်ကွက်ရှုတ်ချ

ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းအား ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ ဖလမ်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှု CNO/CNDF ကန့်ကွက်ရှုတ်ချ

0
By Editor on January 20, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့တွင် ဇန်နဝါရီလ ၁၈ ရက်နေ့ညကဖြစ်ပွားသော ပစ်ခတ်မှုနှင့်ပတ်သက်၍ ဒေသတွင်း သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများအား ညှိနှိုင်းတိုင်ပင်အသိပေးခြင်းမရှိပဲ စစ်ရေးဖော်ဆောင်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချ သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က ပြောဆိုလိုက်သည်။

ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၈ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က ကျောင်းလုံခြုံရေး ယူနေ သော ရဲတပ်သားများကို ချင်းအမျိုးသားတပ်မတော် CNA ရဲဘော်များက ပစ်ခတ်ခဲ့ရာတွင် ရဲတပ်သားတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသည်။

ယင်းပစ်ခတ်မှုသည် CNO/CNDF နှင့် လုံးဝသက်ဆိုင်ခြင်းမရှိဘဲ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းများ အသိပေးခြင်းမရှိပဲ စစ်မျက်နှာဖွင့်ခြင်းသည် ချင်းကာကွယ်ရေးတပ်ပေါင်းစုကော်မတီ (CJDC) မှ ချမှတ်ထားသည့် စစ်စည်းမျည်း စည်းကမ်းအား ချိူးဖောက်မှုဖြစ်သည်ဟု ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်သော CNO/CNDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဖလမ်းမြို့နယ်အတွင်း CNO/CNDF ၏ ခွင့်ပြုချက် သို့မဟုတ် ညှိနှိုင်းတိုင်ပင်အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်ပစ်ခတ်ခြင်းအား အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း နောက်နောင် ထိုသို့ပြုလုပ်ပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က “အဓိကတော့ အပြန်အလှန်လေးစားဖို့ပေါ့ သူတို့ ဒီဟာ ပစ်တာကို အပြစ်မဆိုလိုဘူး။ ဒါပေမဲ့ ပစ်ရင် ကျွန်တော်တို့နဲ့ ဒေသခံ CNO/CNDF ကို အကြောင်းကြားပြီးတော့၊ ညှိနှိုင်းဆွေးနွေးပြီးတော့ လုပ်ရင်တော့ ကျွန်တော်တို့ ဘက်ကလည်း မပစ်ပါနဲ့လို့ပြောမှာတော့ မဟုတ်ပါဘူး။ CNO/CNDF မှာလည်း အစီစဉ်ရှိပြီးသားပဲ။ ကျွန်တော်တို့ နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးလုပ်လိုက်ရင် ဒီထက်ပိုကောင်းတဲ့ plan တစ်ခု၊ အစီစဉ်တစ်ခုထွက်လာလိမ့်မယ်လို့ထင်တယ်။ ဒီထက်တောင် ပိုအောင်မြင်လိမ့်မယ်လို့လည်း ထင်ပါတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်စဉ်ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်အပါဝင် အပြစ်မဲ့ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က မတရားဖမ်းဆီးခဲ့ပြီး ၎င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးခြင်းမရှိပါက ပြင်းထန်စွာ ပြန်လည်တုန့်ပြန်သွားမည်ဟု CNO/CNDF က သတိပေးထားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF သည် ဖလမ်းမြို့နယ်တွင် အဓိကစစ်ရေးလှုပ်ရှားနေသည့် နယ်မြေခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.