(002MG)
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ထဲတွင် ပူးပေါင်းပါ၀င်သော ချင်းတိုင်းရင်းသား ဒေါက်တာမှုထန်းအပါအ၀င် စစ်ကောင်စီ ထပ်ပိုင်းအရာရှိ ၄ ဦးနှင့် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့လိုက်သည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ကထုတ်ပြန်သော ဥရောပသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့မှုထဲတွင် ချင်းပြည်နယ် ထန်တလန်မြို့ ဇာတိ၊ ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးတို့ပါ၀င်သည်။
ထို့အပြင် စစ်ကောင်စီကို လက်နက်ပစ္စည်းများ ပံ့ပိုးနေသည့် Star Sapphire Group OF Companies၊ Royal Shune Lei Company Limited တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဥရောပသမဂ္ ဂ(အီးယူ) ကထုတ်ပြန်သည်။
ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းထဲပါသူများ၏ ငွေကြေးများကို သိမ်းဆည်းကာ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင် ဥရောပသမဂ္ဂ (အီးယူ) သည် မြန်မာနိုင်ငံမှ အဖွဲ့အစည်း (၂၁) ခုနှင့် လူပုဂ္ဂိုလ် (၁၀၃) ဦးတို့ကို ပိတ်ဆို့အရေးယူထားပြီးဖြစ်ကာ ယင်းစာရင်းထဲတွင် ပါဝင်သူများ၏ ပိုင်ဆိုင်မူများကို ဆိုင်းငံ့ထားခြင်း၊ငွေကြေးလွဲပြောင်းပေးအပ်မူ များကို တားမြစ်ခြင်းနှင့် ခရီးသွားလာခြင်းတို့ကိုပိတ်ပင်ထားသည်ဟု RFA ကဖော်ပြထားသည်။
ဥရောပသမဂ္ဂ (အီးယူ) ၏ ဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါ၀◌င်လာသော ဒေါက်တာမှုထန်သည် ZCD ပါတီ အထွေထွေအတွင်း ရေးမူး ပူးဂင်ကမ်းလျန်အစား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က အစားထိုးခန့်အပ်ခံခဲ့ရသူဖြစ်သည်။