Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံတကာမြန်မာ့သတင်း-BNI တည်ထောင်သူတစ်ဦးဖြစ်သည့် ဝါရင့်ချင်းသတင်းအယ်ဒီတာ ပူးသွီဒင်း (Pu Tuidim) သေဆုံးမှုအတွက် ထုတ်ပြန်ချက်

နိုင်ငံတကာမြန်မာ့သတင်း-BNI တည်ထောင်သူတစ်ဦးဖြစ်သည့် ဝါရင့်ချင်းသတင်းအယ်ဒီတာ ပူးသွီဒင်း (Pu Tuidim) သေဆုံးမှုအတွက် ထုတ်ပြန်ချက်

0
By Editor on January 13, 2022 Headline

နိုင်ငံတကာမြန်မာ့သတင်း-BNI ကို စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ပူးသွီဒင်း (Pu Tuidim) ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏မူလအဖွဲ့အစည်းဖြစ်သည့် ခိုနူမ်သုန် (Khonumthung) သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များက ချင်းပြည်နယ်၊ မတူပီမြို့နယ် ကီလုန်းနှင့် လုံလှောကျေးရွာအကြား မတူပီ-ဟား ခါးကားလမ်းပေါ်တွင် ခရီးသွားလာနေသည့် အရပ်သားပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ရှေ့တန်းစစ်မြေပြင်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ရာတွင် ပူးသွီဒင်းလည်း ပါဝင်ခဲ့သည်။

ပူးသွီဒင်းသည် နိုင်ငံတကာမြန်မာ့သတင်း (BNI) ကို ၂၀၀၃ ခုနှစ်၊ စတင်တည်ထောင်ခဲ့စဉ်က နိရိဉ္ဇရာ၊ မဇ္ဈိမ၊ ကုလားတန်သတင်းဌာနများနှင့်အတူ ချင်းသတင်းဌာနဖြစ်သည့် ခိုနူမ်သုန်ကိုယ်စား ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းသေဆုံးသွားခဲ့ခြင်းမှာ BNI အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။

သူသည် ခိုနူမ်သုန်သတင်းဌာန တည်ထောင်သူထဲပါဝင်သကဲ့သို့ အယ်ဒီတာချုပ်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ချင်းပြည်နယ်ရှိ သတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် ဝါရင့်တိုင်းရင်းသား သတင်းသမားတစ်ဦးလည်းဖြစ်သည်။

ပူးသွီဒင်း သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာများအတွက်သာမက တစ်နိုင်ငံလုံး၏ မီဒီယာအသိုင်းအဝိုင်းအတွက်ပါ များစွာသော ဆုံးရှုံးမှုဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (BNI) က မှတ်ယူသည့်အပြင် ကျန်ရစ်သူ မိသားစုဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်အပ်ပါသည်။

အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ အသံတိတ်သပိတ် လှုပ်ရှားမှုကို ဓာတ်ပုံမှတ်တမ်းရယူခဲ့သည့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီး သုံးရက်အကြာတွင် စစ်ကြောရေး၌ သေဆုံးသွားခဲ့ခြင်း၊ ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက် လေးကေကော်ဒေသတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင် သေဆုံးသွားခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

သို့ဖြစ်ပါ၍ စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုတ်ချပြီး ပြစ်မှု ကျူးလွန်သူများအနေဖြင့် တာဝန်ယူမှုအပြည့်အ၀ရှိစွာ သတင်းသမားများနှင့် အရပ်သားများ၏ လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ခြင်းမရှိဘဲ ယခုကဲ့သို့ ဥပဒေမဲ့ တရားလက်လွှတ် သတ်ဖြတ်မှု ကျုးလွန်သူများကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများအရ အရေးယူပေးပါရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ BNI က တောင်းဆိုလိုက်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.