• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိ

ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိ

0
By Editor on July 21, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း ခွဲများအား လုံး မဖွင့်လှစ်နိုင်ကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းများကို ယနေ့ဇူလိုင်လ (၂၁) ရက်နေ့ကစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသော်လည်း စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်မှာမူ အခြေခံပညာအထက်တန်းကျောင်းအားလုံး ဖွင့်လှစ်နိုင်ခြင်းမရှိဘူးဟု ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းကတော့ ကျနော်တို့လက်ခံတာ ဒီလ (၁၃) ရက်ကတည်းက လက်ခံထားပြီးသား ဒါပေမဲ့ ကျောင်းတွေကတော့ ဖွင့်လို့မရဘူး၊ အစကတော့ ဖွင့်ဖို့တော့ ကျနော်တို့လျာထားတယ်၊ ဒါပေမဲ့ ကျနော်တို့ ကျန်းမာရေးဌာနက ကိုဗစ် ဖြစ်တဲ့အတွက်ကြောင့် အချက်ပေါင်းများစွာနဲ့ A,B,C နဲ့ ပြန်ပြီးတော့ စမ်းစစ်လိုက်တော့ ကျနော်တို့က C အဆင့်လောက်မှာပဲ ဝင်တဲ့အတွက်ကြောင့် လောလောဆယ်ကတော့ ကျနော်တို့ မဖွင့်နိုင်သေးဘူး” ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ကျောင်း နှင့် အထက်တန်းကျောင်း(ခွဲ) (၂၂) ကျောင်း စုစုပေါင်း (၃၈) ကျောင်းရှိသည့်အနက် ယခုလက်ရှိမှာ ကျောင်းပေါင်း (၁၃) ကျောင်းကသာ ကျောင်းအပ်လက်ခံနိုင်ပြီး ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်မီခြင်းမရှိသောကြောင့် မဖွင့်လှစ်နိုင်ကြခြင်းဖြစ်သည်။

ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း အထက်တန်းကျောင်းသူ၊ကျောင်းသားများ ကျောင်းအပ်လက်ခံလျက်ရှိပြီး ယခုလက်ရှိတွင် ကျောင်းသား၊ကျောင်းသူ (၇၃၄) ဦးက ကျောင်းအပ်လက်ခံထားရှိပြီဟု ပလက်ဝမြို့နယ်ပညာရေးမှူး ကပြောသည်။

အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်နိုင်ရန်အတွက် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက A,B,C ဆိုပြီးအဆင့်သုံးဆင့်သတ်မှတ်ကာ A အဆင့်ရှိသည့်ကျောင်းများကိုသာ ယနေ့တွင် စတင်ဖွင့်လှစ်ကြခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်အရ B နှင့် C အဆင့် ရှိသည့် ကျောင်းများကို ပြန်လည်ဖြည့်ဆည်းကာ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟုသိရသည်။

ချင်းပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၀၀) ကျော်ရှိသည့်အနက် ယနေ့ဇူလိုင်လ (၂၁) ရက်နေ့တွင် ကျောင်းပေါင်း (၂၁) ကျောင်းသာ စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြသည်ဟု သိရသည်။

#Unicode

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝၿမိဳ႕နယ္က အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ အထက္တန္းေက်ာင္း ခြဲမ်ားအား လုံး မဖြင့္လွစ္နိုင္ေၾကာင္း ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာသည္။

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ယေန႔ဇူလိုင္လ (၂၁) ရက္ေန႔ကစ၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ညြန္ၾကားသည့္ စည္းကမ္းသတ္မွတ္ခ်က္ႏွင့္ကိုက္ညီေသာ ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ၾကေသာ္လည္း စစ္မက္ျဖစ္ပြားရာေဒသ ပလက္ဝၿမိဳ႕နယ္မွာမူ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိဘူးဟု ဆလိုင္းေအာင္မင္းကေျပာသည္။

“ေက်ာင္းကေတာ့ က်ေနာ္တို႔လက္ခံတာ ဒီလ (၁၃) ရက္ကတည္းက လက္ခံထားၿပီးသား ဒါေပမဲ့ ေက်ာင္းေတြကေတာ့ ဖြင့္လို႔မရဘူး၊ အစကေတာ့ ဖြင့္ဖို႔ေတာ့ က်ေနာ္တို႔လ်ာထားတယ္၊ ဒါေပမဲ့ က်ေနာ္တို႔ က်န္းမာေရးဌာနက ကိုဗစ္ ျဖစ္တဲ့အတြက္ေၾကာင့္ အခ်က္ေပါင္းမ်ားစြာနဲ႔ A,B,C နဲ႔ ျပန္ၿပီးေတာ့ စမ္းစစ္လိုက္ေတာ့ က်ေနာ္တို႔က C အဆင့္ေလာက္မွာပဲ ဝင္တဲ့အတြက္ေၾကာင့္ ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ မဖြင့္နိုင္ေသးဘူး” ဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ အထက္တန္းေက်ာင္း (၁၆) ေက်ာင္း ႏွင့္ အထက္တန္းေက်ာင္း(ခြဲ) (၂၂) ေက်ာင္း စုစုေပါင္း (၃၈) ေက်ာင္းရွိသည့္အနက္ ယခုလက္ရွိမွာ ေက်ာင္းေပါင္း (၁၃) ေက်ာင္းကသာ ေက်ာင္းအပ္လက္ခံနိုင္ၿပီး ကိုဗစ္-၁၉ ကာလ က်န္းမာေရးဝန္ႀကီးဌာန၏ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္မီျခင္းမရွိေသာေၾကာင့္ မဖြင့္လွစ္နိုင္ၾကျခင္းျဖစ္သည္။

ေက်ာင္းဖြင့္လွစ္နိုင္ျခင္းမရွိေသာ္လည္း အထက္တန္းေက်ာင္းသူ၊ေက်ာင္းသားမ်ား ေက်ာင္းအပ္လက္ခံလ်က္ရွိၿပီး ယခုလက္ရွိတြင္ ေက်ာင္းသား၊ေက်ာင္းသူ (၇၃၄) ဦးက ေက်ာင္းအပ္လက္ခံထားရွိၿပီဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ကေျပာသည္။

အေျခခံပညာအထက္တန္းေက်ာင္းမ်ားျပန္လည္ဖြင့္နိုင္ရန္အတြက္ ျပည္ေထာင္စု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက A,B,C ဆိုၿပီးအဆင့္သုံးဆင့္သတ္မွတ္ကာ A အဆင့္ရွိသည့္ေက်ာင္းမ်ားကိုသာ ယေန႔တြင္ စတင္ဖြင့္လွစ္ၾကျခင္းျဖစ္သည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စည္းကမ္းသတ္မွတ္ခ်က္အရ B ႏွင့္ C အဆင့္ ရွိသည့္ ေက်ာင္းမ်ားကို ျပန္လည္ျဖည့္ဆည္းကာ ဆက္လက္ဖြင့္လွစ္ေပးသြားမည္ဟုသိရသည္။

ခ်င္းျပည္နယ္တြင္ အေျခခံပညာအထက္တန္းေက်ာင္း (၂၀၀) ေက်ာ္ရွိသည့္အနက္ ယေန႔ဇူလိုင္လ (၂၁) ရက္ေန႔တြင္ ေက်ာင္းေပါင္း (၂၁) ေက်ာင္းသာ စတင္ဖြင့္လွစ္ေပးနိုင္ခဲ့ၾကသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.