Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိ

ပလက္ဝၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိ

0
By Editor on July 21, 2020 Headline

#Unicode

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း ခွဲများအား လုံး မဖွင့်လှစ်နိုင်ကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းများကို ယနေ့ဇူလိုင်လ (၂၁) ရက်နေ့ကစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသော်လည်း စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်မှာမူ အခြေခံပညာအထက်တန်းကျောင်းအားလုံး ဖွင့်လှစ်နိုင်ခြင်းမရှိဘူးဟု ဆလိုင်းအောင်မင်းကပြောသည်။

“ကျောင်းကတော့ ကျနော်တို့လက်ခံတာ ဒီလ (၁၃) ရက်ကတည်းက လက်ခံထားပြီးသား ဒါပေမဲ့ ကျောင်းတွေကတော့ ဖွင့်လို့မရဘူး၊ အစကတော့ ဖွင့်ဖို့တော့ ကျနော်တို့လျာထားတယ်၊ ဒါပေမဲ့ ကျနော်တို့ ကျန်းမာရေးဌာနက ကိုဗစ် ဖြစ်တဲ့အတွက်ကြောင့် အချက်ပေါင်းများစွာနဲ့ A,B,C နဲ့ ပြန်ပြီးတော့ စမ်းစစ်လိုက်တော့ ကျနော်တို့က C အဆင့်လောက်မှာပဲ ဝင်တဲ့အတွက်ကြောင့် လောလောဆယ်ကတော့ ကျနော်တို့ မဖွင့်နိုင်သေးဘူး” ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။

ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ကျောင်း နှင့် အထက်တန်းကျောင်း(ခွဲ) (၂၂) ကျောင်း စုစုပေါင်း (၃၈) ကျောင်းရှိသည့်အနက် ယခုလက်ရှိမှာ ကျောင်းပေါင်း (၁၃) ကျောင်းကသာ ကျောင်းအပ်လက်ခံနိုင်ပြီး ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်မီခြင်းမရှိသောကြောင့် မဖွင့်လှစ်နိုင်ကြခြင်းဖြစ်သည်။

ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း အထက်တန်းကျောင်းသူ၊ကျောင်းသားများ ကျောင်းအပ်လက်ခံလျက်ရှိပြီး ယခုလက်ရှိတွင် ကျောင်းသား၊ကျောင်းသူ (၇၃၄) ဦးက ကျောင်းအပ်လက်ခံထားရှိပြီဟု ပလက်ဝမြို့နယ်ပညာရေးမှူး ကပြောသည်။

အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်နိုင်ရန်အတွက် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက A,B,C ဆိုပြီးအဆင့်သုံးဆင့်သတ်မှတ်ကာ A အဆင့်ရှိသည့်ကျောင်းများကိုသာ ယနေ့တွင် စတင်ဖွင့်လှစ်ကြခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်အရ B နှင့် C အဆင့် ရှိသည့် ကျောင်းများကို ပြန်လည်ဖြည့်ဆည်းကာ ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဟုသိရသည်။

ချင်းပြည်နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၂၀၀) ကျော်ရှိသည့်အနက် ယနေ့ဇူလိုင်လ (၂၁) ရက်နေ့တွင် ကျောင်းပေါင်း (၂၁) ကျောင်းသာ စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ကြသည်ဟု သိရသည်။

#Unicode

By လားႏြန္ – ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝၿမိဳ႕နယ္က အေျခခံပညာအထက္တန္းေက်ာင္းႏွင့္ အထက္တန္းေက်ာင္း ခြဲမ်ားအား လုံး မဖြင့္လွစ္နိုင္ေၾကာင္း ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာသည္။

၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ယေန႔ဇူလိုင္လ (၂၁) ရက္ေန႔ကစ၍ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ညြန္ၾကားသည့္ စည္းကမ္းသတ္မွတ္ခ်က္ႏွင့္ကိုက္ညီေသာ ေက်ာင္းမ်ားကို ျပန္လည္ဖြင့္လွစ္ခဲ့ၾကေသာ္လည္း စစ္မက္ျဖစ္ပြားရာေဒသ ပလက္ဝၿမိဳ႕နယ္မွာမူ အေျခခံပညာအထက္တန္းေက်ာင္းအားလုံး ဖြင့္လွစ္နိုင္ျခင္းမရွိဘူးဟု ဆလိုင္းေအာင္မင္းကေျပာသည္။

“ေက်ာင္းကေတာ့ က်ေနာ္တို႔လက္ခံတာ ဒီလ (၁၃) ရက္ကတည္းက လက္ခံထားၿပီးသား ဒါေပမဲ့ ေက်ာင္းေတြကေတာ့ ဖြင့္လို႔မရဘူး၊ အစကေတာ့ ဖြင့္ဖို႔ေတာ့ က်ေနာ္တို႔လ်ာထားတယ္၊ ဒါေပမဲ့ က်ေနာ္တို႔ က်န္းမာေရးဌာနက ကိုဗစ္ ျဖစ္တဲ့အတြက္ေၾကာင့္ အခ်က္ေပါင္းမ်ားစြာနဲ႔ A,B,C နဲ႔ ျပန္ၿပီးေတာ့ စမ္းစစ္လိုက္ေတာ့ က်ေနာ္တို႔က C အဆင့္ေလာက္မွာပဲ ဝင္တဲ့အတြက္ေၾကာင့္ ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ မဖြင့္နိုင္ေသးဘူး” ဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ဆလိုင္းေအာင္မင္းကေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ အထက္တန္းေက်ာင္း (၁၆) ေက်ာင္း ႏွင့္ အထက္တန္းေက်ာင္း(ခြဲ) (၂၂) ေက်ာင္း စုစုေပါင္း (၃၈) ေက်ာင္းရွိသည့္အနက္ ယခုလက္ရွိမွာ ေက်ာင္းေပါင္း (၁၃) ေက်ာင္းကသာ ေက်ာင္းအပ္လက္ခံနိုင္ၿပီး ကိုဗစ္-၁၉ ကာလ က်န္းမာေရးဝန္ႀကီးဌာန၏ စည္းကမ္းသတ္မွတ္ခ်က္မ်ားႏွင့္ ျပည့္မီျခင္းမရွိေသာေၾကာင့္ မဖြင့္လွစ္နိုင္ၾကျခင္းျဖစ္သည္။

ေက်ာင္းဖြင့္လွစ္နိုင္ျခင္းမရွိေသာ္လည္း အထက္တန္းေက်ာင္းသူ၊ေက်ာင္းသားမ်ား ေက်ာင္းအပ္လက္ခံလ်က္ရွိၿပီး ယခုလက္ရွိတြင္ ေက်ာင္းသား၊ေက်ာင္းသူ (၇၃၄) ဦးက ေက်ာင္းအပ္လက္ခံထားရွိၿပီဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမႉး ကေျပာသည္။

အေျခခံပညာအထက္တန္းေက်ာင္းမ်ားျပန္လည္ဖြင့္နိုင္ရန္အတြက္ ျပည္ေထာင္စု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက A,B,C ဆိုၿပီးအဆင့္သုံးဆင့္သတ္မွတ္ကာ A အဆင့္ရွိသည့္ေက်ာင္းမ်ားကိုသာ ယေန႔တြင္ စတင္ဖြင့္လွစ္ၾကျခင္းျဖစ္သည္။ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ စည္းကမ္းသတ္မွတ္ခ်က္အရ B ႏွင့္ C အဆင့္ ရွိသည့္ ေက်ာင္းမ်ားကို ျပန္လည္ျဖည့္ဆည္းကာ ဆက္လက္ဖြင့္လွစ္ေပးသြားမည္ဟုသိရသည္။

ခ်င္းျပည္နယ္တြင္ အေျခခံပညာအထက္တန္းေက်ာင္း (၂၀၀) ေက်ာ္ရွိသည့္အနက္ ယေန႔ဇူလိုင္လ (၂၁) ရက္ေန႔တြင္ ေက်ာင္းေပါင္း (၂၁) ေက်ာင္းသာ စတင္ဖြင့္လွစ္ေပးနိုင္ခဲ့ၾကသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.