• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

ပလက်ဝမြို့နယ်တွင် ရွာသားတစ်ဦး မြေမြုပ်မှိုင်းနင်းပြီးသေဆုံး

0
By Editor on November 27, 2019 Khonumthung

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဒိုးချောင်းဝရွာသားတစ်ဦးသည် တောထဲသို့ ၀ါးခုတ်ပြီးအပြန်လမ်းတွင် မြေမြုပ်မှိုင်းနင်းမိ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ဒိုးချောင်းဝရွာသား အသက် (၄၇)နှစ်အရွယ် ဦးဖိလိပသည် ပြီးခဲ့သည့်နိုဝင်ဘာလ (၂၂) ရက်နေ့က အိမ်ဆောက်ရန်အ တွက် တောထဲသို့ ၀ါးခုတ်နေသည့်အချိန်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရရှိသည့် တပ်သားတစ်ဦးအား ထမ်းကူရန် မြန်မာ့တပ်မတော်မှ အကူအညီတောင်းကာ ထမ်းကူနေစဉ် မြေမြုပ်မှိုင်းနင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူနှင့်နီးစပ်သည့် မီးဇာကျေးရွာဒေသခံတစ်ဦးကပြောသည်။

“သူတို့က ၀ါးခုတ်ဖို့သွားတာလေ တောထဲမှာ အဲဒီမှာသူတို့က တောထဲမှာအိပ်နေကြတာ သူတို့ အိမ်သုံးဖို့အတွက် ၀ါးခုတ်တောထဲကိုသွားတာ သုံးလေးရက် ရိက္ခာပါပြီး သွားခုတ်တာလေ၊ သူတို့တောထဲမှာ သုံးလေးရက်နေပြီးမှ အဲမှာစစ်ကြောင်းတွေတော့မရှိဘူး အခြားမှာရှိပြီးမှ မြန်မာစစ်သားတွေက လာအကူအညီခေါ်တာပေါ့ သူတို့လူနာဒဏ်ရာရလို့ သယ်ဖို့အတွက် အကူအညီခေါ်တယ် အသွားတော့ မမိဘူးပေါ့ အပြန်ကြမှပဲ မိုင်းနင်းမိတာ” ဟု မီးဇာကျေးရွာဒေသခံကပြောသည်။

ဦးဖိလိပသည် အုပ်းသီးဝအုပ်စု၊ ပေါက်တူဝနှင့် ပုန်ညင်ဝရွာအကြားတွင် မြေမြုပ်မှိုင်းနင်းမိခြင်းဖြစ်ပြီး ခြေထောက်တဖက်ပြတ်ကာ လမ်းခရီးတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

သေဆုံးသွားသည့် ဦးဖိလိပတွင် သားသမီးနှစ်ယောက်ကျန်ရစ်ခဲ့သည်။

ဒိုးချောင်းဝရွာသည် မီးဇာကျေးရွာမှ (၁၈) မိုင်ခန့်ကွာဝေပြီး စက်လှေဖြင့် တစ်ရက်ခရီးသွားရသည်။

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဲဒီဟာတွေကတော့ ထိခိုက်ဒဏ်ရာရရင်တော့ ဒေသအာဏပိုင် မြို့နယ်အဆင့်ကနေလိုအပ်တာများကို ကူညီမှာ နောက်ပြီးတော့
ပြည်နယ်အစိုးရအနေနဲ့ဆိုရင် လူမှုဝန်ကြီးဌာနကယ်ဆယ်ရေးထိခိုက်ဒဏ်ရတာမျိုးဆိုရင် ကူညီပေးတာရှိပါတယ် သူတို့သတ်မှတ်နှုန်းနဲ့ ဦးပေါင်လွန်မင်ထန် လူမှုဝန်ကြီးဌာနကနေလုပ်ပါလိုက်မယ်” ဟု ၀န်ကြီးကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူများသည် မြေစာပင်ဘ၀သို့ ကျရောက်နေရကြောင်း အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ကြရန်လိုအပ်သည်ဟု ၀န်ကြီးဦးစိုးထက်ကဆက်ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားသည့်ဒေသဖြစ်သည်။ ယခင်ကလည်း ပလက်ဝမြို့နယ်ဒေသခံပြည်သူများသည် တောင်ယာသွားသည့်အခါမျိုးတွင် မြေမြုပ်မှိုင်းနင်းမိ၍ သေဆုံးမှုဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.