Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

ပလက်ဝမြို့နယ်က ဒေသခံခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက်ကွယ်သွားစေရန် ULA/AA က ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်လာဟု GKO ပြော

0
By Editor on December 15, 2025 Headline

ULA/AA ၏စစ်မှုထမ်းအမိန့်ကြောင့် ပလက်ဝ ဒေသခံအများအပြား ထွက်ပြေးနေ

(004SS)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် (AA) က ဒေသခံ ခူမီးချင်းလူမျိုးများကို နေရပ်မှ ပျောက် ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီး ယင်းသည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု (Crime Against Humanity) နှင့် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ကျူးလွန်ခြင်း အရှိန်ပိုနက်လာခြင်းဖြစ်သည်ဟု Global Khumi Organization (GKO) က ထုတ်ပြန်သည်။

AA သည် ပလက်ဝနယ်မြေအချို့ကို သိမ်းပိုက်ပြီးချိန်မှစ၍ ဒေသခံ ဌာနေတိုင်းရင်းသားများအပေါ် ဖိနှိပ်မှုများ ပိုမိုမြင့်တက်လာသောကြောင့် ယင်းလုပ်ရပ်များကို လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း၊ ပလက်ဝမြို့နယ်အတွင်း ဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးခြင်းသည် ဒေသခံ ဌာနေတိုင်းရင်းသားများအား မိမိဇာတိမြေမှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ကြာင်း ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် GKO က ထုတ်ပြန်သည်။

GKO ၏ ထုတ်ပြန်ချက်တွင် AA က ဒေသခံ ခူမီးချင်းလူမျိုးများအား မိမိဇာတိမြေပေါ်မှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသည် အရှိန်ပိုမြင့်လာပြီး၊ ယင်းမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများဖြစ်သော လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းအဖြစ်သို့ ဦးတည်နေကြောင်း ဖော်ပြထား သည်။

ယခုလက်ရှိတွင် AA သည် ပလက်ဝဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မ စည်းရုံး ဖမ်းဆီးမှုများကြောင့် ဒေသခံ အများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ စစ်မှုထမ်းခေါ်ယူမှုကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့နီးစပ်ရာ မရာဒေသ၊ ဟားခါးမြို့၊ ပြည်မဘက် ရန်ကုန်မြို့နှင့် မီဇိုရမ်ပြည်နယ်ဘက်တွင် စစ်မှုထမ်းရန် အကျုံးဝင်သူ လူငယ် လူလွတ်များ အပြင် အိမ်ထောင်သည်များသည် ၎င်းတို့မိသားစုဝင်များနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှ သိရသည်။

ယခု ဒီဇင်ဘာလထဲတွင် မီဇိုရမ် ပြည်နယ်၊ လောင်တလိုင်ခရိုင်ရှိ ပလက်ဝပြည်သူ အများစု စစ်ဘေးရှောင်ရာ တွီးဒါန်း ရွာတွင် အိမ်ထောင်စု ၅၀ ကျော်၊ လူဦးရေအားဖြင့် အယောက် ၃၅၀ ဝန်းကျင်နှင့် ကာကီရွာတွင် အယောက် ၅၀ ဝန်းကျင်စသည်ဖြင့် အယောက် ၄၀၀ ဝန်းကျင်ရောက်ရှိနေပြီဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယခုလက်ရှိတွင် ULA/AA သည် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် စစ်မှုထမ်းရန် အသက်အရွယ်ပြည့်မှီ သူများ စာရင်းကောက်ယူနေကြောင်း သိရပြီး ပလက်ဝအထက်ပိုင်းမှ ဒေသခံ ၄ ဦးစစ်မှုထမ်းရန်ခေါ်ဆောင်သွားပြီဟု ဒေသခံများပြောပြချက်အရ သိရသည်။

လောင်တလိုင်ခရိုင်အတွင်း ပလက်ဝမှ စစ်ဘေးရှောင်လာသူအမျိုးသားတစ်ဦးက “ရွာတွေမှာ အုပ်ချုပ်ရေးမှူး တွေခေါ်ပြီးမှ လူတွေအကုန်လုံးစုပြီးမှ နင်တို့နင်တို့ပါရမယ် ဆိုပြီးနာမည်စာရင်းယူတယ်။ တစ်ချို့ရွာတွေမှာ ဆိုလို့ရှိရင် အုပ်ချုပ်းရေးမှူးတွေကို တာဝန်ပေးပြီးမှ ဒီလူကို ဒီလ ဒီရက်မှာ ဘယ်ကိုပို့ရမယ် ဆိုပြီးပြောတဲ့ဟာတွေလဲ ရှိတယ်။ တချို့က အိမ်ထောင်စုစာရင်းကနေ ဘယ်သူဘယ်သူပါရမယ် ဆိုပြီးရှိတယ်။ အခု သတင်းရသလောက် ကတော့ ငရှားက ၁ ယောက် နှုံးဘူးက ၁ ယောက် ကုလစောင်းဘက်က ၂ ယောက်ကတော့ စစ်မှုထမ်းဖို့ပါသွားတယ်။ ဒီ ၄ ယောက်တော့ ပလက်ဝအထက်ပိုင်းက။ ပလက်ဝအောက်ပိုင်းက ကျွန်တော်တို့နဲ့ အလှမ်းဝေးတော့ သေချာသတင်း မရဘူး။ အဲထဲက ငရှားနဲ့ နှုံးဘူးက လူတွေကျတော့ သူတို့ရွာကနေ မီဇိုရမ်ဘက် ပြေးလာတဲ့အချိန်မှာ ဖမ်းသွားတာလို့ သတင်းရတယ်။” ဟု ပြောသည်။

ULA/AA သည် ၎င်းတို့ထိန်းချုပ်သော ပလက်ဝဒေသများတွင် စစ်ဆေးရေးဂိတ်များချထားပြီး အသွားအလာစစ်ဆေး ခြင်းများ ပြုလုပ်ကာ စစ်မှုထမ်းရန်သတ်မှတ်အသက်အရွယ်မျာပြည့်သူများအား ခရီးသွာလာခွင့်မပြုဘဲ စစ်မှုထမ်း ရန်ပို့ဆောင်နေကြောင်း၊ သတ်မှတ်အသက်အရွယ်ထဲ မပါဝင်သူများကိုမူ ခရီးသွားလာခွင့်ပြုထာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်မှစတင်၍ AA အရာရှိများနှင့် ULA/AA ခန့် အုပ်ချုပ်ရေးမှူးတို့သည် ပလက်ဝမြို့နယ်ရှိ ကျေးရွာများတွင် အမျိုးသား (၁၈ မှ ၄၅) နှစ်နှင့် အမျိုးသမီး (၁၈ မှ ၃၅) နှစ်အတွင်း ဒေသခံများကို စစ်မှုထမ်းရန် အမည်စာရင်း ကောက်ယူပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

GKO ၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် AA သည် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖော်ဆောင်ပြီးနောက်ပိုင်း လက်နက်အားကိုးသော ဖိနှိပ်မှုများကြောင့်ပင် ဒေသခံ ခူမီးချင်းလူမျိုး ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရပြီး ယခုအခါ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးမှုများကြောင့် နေရပ်စွန့်ခွာမှုသည် ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.