• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့ပေါ်က စစ်ရှောင်နေအိမ်များ ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းတချို့ ရောက်ရှိဟုဆို

ပလက်ဝမြို့ပေါ်က စစ်ရှောင်နေအိမ်များ ပြုပြင်ရန် အိမ်ဆောက်ပစ္စည်းတချို့ ရောက်ရှိဟုဆို

0
By Editor on June 15, 2023 Headline

(02HH)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်က ယိုယွင်းပျက်စီးနေသော စစ်ဘေးရှောင်စခန်းများပြုပြင်ရန်ုအတွက် လိုအပ်သောအိမ်ဆောက်ပစ္စည်းအကူအညီတချို့ ရောက်ရှိပြီဟု သိရသည်။

ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းအများစုသည် ဝါးဖြင့်ဆောက်လုပ်ထားသော အဆောက်အဦးများသာဖြစ်ကြပြီး ယခုအခါ ယိုယွင်းပျက်စီးနေပြီဖြစ်ကာ မိုးမကျခင်အချိန်မှီပြုပြင်ရန်လိုအပ်သော ဝါး၊ မျောတိုင်၊ အမိုးအကာများကို IRC နှင့် UNHCR အဖွဲ့အစည်းတို့က ကူညီခဲ့ကြသည်ဟု ပလက်ဝမြို့က စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောသည်။

“သူတို့ရဲ့အိမ်တွေက လွန်ခဲ့တဲ့ (၂) နှစ်လောက်က ဆောက်ထားတာဆိုတော့ မိုးပက်လို့ အကာတွေ၊ ခေါင်မိုးတွေက ဆွေးကုန်တာ၊ လေတိုက်ရင် ပြိုပျက်ကုန်တော့ IRC ကနေတဆင့် တိုင်တွေ၊ ဝါးတွေ အရေအတွက်က ၉ သောင်းကျော် Camp တွေအားလုံးအတွက်ပေါ့၊ မျောတိုင်လည်း အလုံးရေ ၆ ထောင်ကျော်၊ အမိုးက UNHCR ကပို့တဲ့ တာဗွန်ရှိတယ်။ ဒီရက်ပိုင်းတော့ ပစ္စည်းတွေတော့ တော်တော်များများရောက်လာပြီလို့ကြားမိတယ်။” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိ ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး ၂၀၁၈ ခုနှစ်ဝန်းကျင်ကတည်းက ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်လာကြသူများဖြစ်သည်။

ယင်းစစ်ဘေးရှောင်စခန်း ၅ ခုတွင် စစ်ဘေးရှောင်အိမ်ထောင်စု (၅၉၇) စုတို့နေထိုင်ကြပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကလိုအပ်သော ဆန်၊ဆီ၊ဆား၊ပဲ၊ အဟာရမှုန့်များကို လစဉ်ထောက်ပံ့ကူညီပေးနေသည်ဟု ပလက်ဝမြို့ပေါ်က စစ်ရှောင်များ ကို ကူညီပေးနေသူတဦးက ပြောသည်။

“သူတို့ကို နိုင်ငံတော်ခွင့်ပြုချက်နဲ့ (WFP) ပေးနေပါသေးတယ်။ သူတို့က နေလာတာ ၂ နှစ်၊ ၃ နှစ်ရှိပြီဆိုတော့ အဆင်ပြေသ လိုနေရတာပေါ့ ကိုယ့်အိမ်လိုတော့ ဘယ်နေနေရမလဲ။ သူတို့အိမ်တွေလည်းပဲ ယခင်အစိုးရကဆောက်ပေးတာ” ဟု ပလက်ဝမြို့ပေါ်က စစ်ရှောင်များကို ကူညီပေးနေသူက ပြောသည်။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ကြား ယာယီအပစ်ရပ်ဆဲပြီးနောက်ပိုင်း ပလက်ဝြမို့ပေါ်က စစ်ဘေးရှောင်အများစုကို စစ်ကောင်စီက နေရပ်ပြန်ခိုင်းမှုကြောင့် စစ်ဘေးရှောင်တချို့မှာလည်း နေရပ်ပြန်သွားကြသည်ဟု သိရသည်။

ယခုလက်ရှိ စခန်းမှာနေထိုင်ကြသော စစ်ဘေးရှောင်များမှာ ကျန်းမာရေးကူညီအစောင့်ရှောက်မှုများ လိုအပ်နေကြကြောင်း စစ်ရှောင်များနှင့် နီးစပ်သူကပြောသည်။

“သူတို့က လတ်တလောအရေးပေါ်က ကျန်းမာရေးစောင့်ရှောက်မှု၊ အရင်တုန်းက KMSS ကနေ Mobile Clinic တွေ ဖွင့်ပေးတာရှိတယ် အခုသူတို့က ဘတ်ဂျက်ပြီးသွားပြီ၊ အလှူရှင်တွေက ဆေးတွေလည်းလှူပေးတာမရှိတော့လေ အခု ဆေးခန်းလည်းမရှိတော့ဘူး” ဟု ၎င်းကပြောသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ရှောင်နေကြသည့်ပြည်သူများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမိုခက်ခဲလာနေပြီး အလုပ်အကိုင်ရှားပါးခြင်း၊ ချက်ပြုတ်စားသောက်ရန်အတွက် ထင်းများခက်ခဲခြင်းနှင့် ကျောင်းသားမိဘများ မိမိတို့ကလေးများအတွက် ကျောင်းစရိတ်များ ပံ့ပိုးပေးရန်ပင် အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.