• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝ စိုက်ပျိုးရေးကွင်းရှိ စစ်ဘေးရှောင်စခန်း (IDP Camp) ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့နေရ

ပလက်ဝ စိုက်ပျိုးရေးကွင်းရှိ စစ်ဘေးရှောင်စခန်း (IDP Camp) ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့နေရ

0
By Editor on July 30, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်းရှိ IDP Camp ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့ပေးရသည်ဟု သိရသည်။

“အခု ရေတက်နေဆဲပဲ၊ အိမ်ခြေ ၅ ဆောင်လောက်တော့ မြုပ်ပြီ၊ စိုက်ပျိုးရေးကွင်းမှာရှိတဲ့ Camp လူဦးရေက ခန့်မှန်းခြေ ၂၀ ကျော်တော့ရှိမယ်၊ အခုက ရေက တက်နေဆဲပဲဖြစ်သေးတယ်၊ မိုးအရမ်းရွာတယ်ဆိုလို့ရှိရင် နောက်ထပ် ပြောင်းရမဲ့အနေအထားဖြစ်မယ်၊ အခု တိုင်းရင်ဆေးပေးခန်းကို ပြောင်းရွေ့ပေးထားတယ်၊ ဒီအဆောင်က အများဆုံးဆံ့ရင်တောင် ၁ဝ ဆောင်လောက်ပဲဆံနိုင်မယ်၊ အခုက ၅ ဆောင်လောက်က ရောက်နေပြီဆိုတော့ တကယ်လို့ရေမြုပ်မယ်ဆိုရင်တော့ နေရာအနေအထားတော့မရှိဘူး၊ နည်းနည်းအခက်အခဲ စိုးရိမ်စရာတော့ရှိတယ်” ဟု ပလက်ဝမြို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးကျော်ရှိန်းက ပြောသည်။

ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်းသည် ကုလားတန်မြစ်ကမ်းဘေးတွင်ရှိပြီး အိမ်ခြေ ၂၁၉ အိမ်ထောင်စု၊ လူဦးရေ ၁၀၆၅ ဦးနေထိုင်ကြသည်ဟု သိရသည်။

ပလက်ဝမြို့တွင် မိုးများရွာသွန်းမှုသည် ရက်သတ္တပတ်ခန့်ရှိလာပြီး ကုလားတန်မြစ်ရေသည် လက်ရှိတွင် အမြင့်ပေ ၂၀ အထိ ရေတက်နေကာ ဆက်လက်မိုးများ ရွာသွန်းမှုရှိလာပါက ယခုထက် ရေကြီးရေလျှံမှုများဖြစ်လာနိုင်ပြီး IDP Camp လူနေအိမ်တွေအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။

ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.