ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ”စခန်းကို သိမ်းပိုက်ပြီး နောက် ပလက်၀ဒေသတစ်ခုလုံးကို အောင်မြင်စွာထိန်းချုပ်နိုင်ပြီဟု ရက္ခိုင့်တပ်တော် AA ထုတ်ပြန်သည်။
ပလက်၀မြို့နယ်အတွင်းမှ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် “နှမဒါဗျူဟာ” စခန်းကို ယနေ့ဇန်န၀◌ါရီလ ၁၄ ရက် မွန်းလွဲပိုင်း ၃ နာရီခန့်တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ပလက်၀ဒေသတစ်ခုလုံးမှာ “စစ်ကောင်စီလုံး၀ကင်းစင်သော ဒေသ” ဖြစ်လာခဲ့ပြီဟု ယနေ့ ဇန်န၀◌ါရီလ ၁၄ ရက်တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်လာခဲ့သည်။
ရက္ခိုင့်တပ်တော် AA အနေဖြင့် ပလက်၀ဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နို၀◌င်ဘာလ ၁၃ ရက်နေ့က စတင် ခဲ့ပြီး စစ်ကောင်စီတပ်၏ ဗျူဟာမြောက်အရေးပါသော “တရွန်အိုင်” “နှုံးဘူး” “မီး၀” “ခန်ခတောင်” “ခ၀◌ဲ” “ရှင်းလက်၀” နှင့် “ နှမဒါ” ဗျူဟာကုန်များအပါအ၀င် ပလက်၀မြို့အခြေစိုက် စစ်ကောင်စီ၏ “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်တို့ကို အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးရုံး၊ စည်ပင်ရုံး၊ ရဲစခန်း၊ မီးသတ်နှင့် ကြံ့ခိုင်ရေးပါတီရုံးများတွင် AA အလံများ လွှင့်ထူထားသည့် ဓာတ်ပုံများကိုလည်း AA တပ်ဖွဲ့က ယနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။