• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပါတီဥက္ကဌအဖမ်းခံရသော်လည်း ချင်းပြည်နယ်ကိုယ်စားလှယ်လောင်းများအပေါ် ရိုက်ခတ်မှုမရှိဟုဆို

ပါတီဥက္ကဌအဖမ်းခံရသော်လည်း ချင်းပြည်နယ်ကိုယ်စားလှယ်လောင်းများအပေါ် ရိုက်ခတ်မှုမရှိဟုဆို

0
By Editor on October 18, 2020 Headline

#Unicode

By လားနွန် – နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့် အဖမ်းခံရသော်လည်း ချင်းပြည်နယ်အတွင်းရှိ နှင်းဆီပါတီကိုယ်စားလှယ်လောင်းများနှင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းအပေါ် အဟန့် အတားမရှိဘဲ ပါတီဝင်အင်အားတောင်တိုးလာသည်ဟု ချင်းပြည်နယ် ပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကေ ပြာသည်။

“ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ်ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး၊ သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိ်ုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ် တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ်နှင်းဆီပါတီတာဝန်ခံ ဦးသွမ်ခန်ကပ်ကပြောသည်။

UDP ပါတီဥက္ကဌ ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ကျော်မြင့် ဟွာဟူသည် ထောင်ပြေးမှုဖြင့် ပြီးခဲ့သည့် စက်တင်ဘာ လ ၂၉ ရက်နေ့က အဖမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သည်။

ချင်းပြည်နယ်အမျိူးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှ ဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်း တွေအပေါ် ရိုက်ခတ်မှုမရှိကြောင်း ပြောဆိုပါသည်။

“ ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိူး ဘာမှမရှိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ပါတီဥက္ကဌအဖမ်းခံရသော်လည်း ပါတီ၏မူဝါဒအတိုင်း ကိုယ့်နည်းကိုယ့်ဟန့်ဖြင့် ပါတီစည်းရုံးရေး များဆက်လက်လုပ်ဆောင်နေသည်ဟု ချင်းပြည်နယ် UDP ပါတီတာဝန်ခံကပြောသည်။

“ ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်၊ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ် ဥက္ကဌမရှိရင်လည်း UDP ရဲ့ မူဝါဒအတိုင်းပဲ ကိုယ့်ဒေသ ကိုယ့်နယ်မြေအတွက် ကိုယ်ကျိူးစွန့်ပြီးကွင်းဆင်းနေပါတယ်” ဟု UDP ပါတီတာဝန်ခံ ကပြောသည်။

နှင်းဆီပါတီသည် မြန်မာတစ်နိုင်ငံလုံးတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။

ချင်းပြည်နယ်တွင်လည်း မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့်အနက် (၃၈) နေရာတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

#Zawgyi

ပါတီဥက္ကဌအဖမ်းခံရသော်လည်း ချင်းပြည်နယ်ကိုယ်စားလှယ်လောင်းများအပေါ် ရိုက်ခတ်မှုမရှိဟု ဆို 

ခိုနူမ်းသုန်သတင်း၊ ၁၅ အောက်တိုဘာ ၂၀၂၀။

By လားနွန်


“ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့အပေါ်ရိုက်ခတ်တာ အဟန့်အတားတွေမရှိပါဘူး၊  သူ့တစ်ဦးတစ်ယောက်ရဲ့ ကိစ္စတွေပဲဖြစ်တော့ ပါတီကိစ္စမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အဟန့်အတားတာတွေမျိုးမရှိပါဘူး  သူ့ကိစ္စကိုတော့ ပါတီဥက္ကကပဲ ဖြေရှင်းပါလိမ့်မယ်၊ ကျနော်တို့ပါတီကိစ္စက အများပိုင်ပါတီဖြစ်နေတဲ့အတွက် ကိုယ့်ရပ်ကွက် ကိုယ့်ဒေသမှာ ကြိုးစားနေကြတဲ့အတွက်ကြောင့် အဟန့်အတားမရှိပဲနဲ့ ပိုတောင်မှ နိုင်ငံရေးစိတ် တက်ကြွပြီးတော့မှ ပါတီအင်အား တိုးလာတာပဲရှိတယ် လျော့တာမရှိဘူး” ဟု ချင်းပြည်နယ်နှင်းဆီ ပါတီတာ ၀န်ခံဦးသွမ်ခန်ကပ်ကပြောသည်။ 


ချင်းပြည်နယ်အမျိုးသားလွှတ်တော်အမှတ် (၁၂) မဲဆန္ဒနယ်မြေတွင် နှင်းဆီပါတီကိုယ်စားပြုအနေဖြင့် ၀င်ရောက်ယှ ဉ်ပြိုင်မည့် ဦးကျဲအိုလိန်းကလည်း ပါတီဥက္ကဌအဖမ်းခံရမှုကြောင့် လွှတ်တော်ကိုယ်စားလောင်း တွေအပေါ် ရိုက်ခတ်မှုမရှိကြောင်း ပြောဆိုပါသည်။

“ ကျနော်တို့ပါတီပိုင်းဆိုင်ရာရော၊ ကိုယ်စားလှယ်ပိုင်းမှာဘဲဖြစ်ဖြစ် ထိခိုက်တာ အဟန့်အတားဖြစ်စေတာမျိုး ဘာမှမရှိပါဘူး” ဟု ပြောသည်။ 


“ ပါတီလုပ်ထုံးလုပ်နည်းအရ ပါတီစည်းရုံးရေးကွင်းဆင်းတာတွေပုံမှန်လုပ်နေပါတယ်၊ ကျနော်တို့ဟာနဲ့ကျနော် တို့ ကိုယ့်ဟာကိုအိတ်စိုက်ပြီးတော့မှ စည်းရုံးကွင်းဆင်းတယ် ဥက္ကဌမရှိရင်လည်း UDP ရဲ့ မူဝါဒအတိုင်းပဲ ကိုယ့်ဒေသ ကိုယ့်နယ်မြေအတွက် ကိုယ်ကျိုးစွန့်ပြီးကွင်းဆင်းနေပါတယ်” ဟု UDP ပါတီတာဝန်ခံ ကပြောသည်။ 

နှင်းဆီပါတီသည် မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD) ပါတီပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ်မြေအများဆုံးဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီဖြစ်သည်။ 


Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.