• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

0
By Editor on September 29, 2023 Headline

(003PT)

မြန်မာ့နွေဦးတော်လှန်ရေးတွင် ပြည်သူအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င်ကြရန် CDF-Hakha Central Council က ဒုတိယအကြိမ်မြောက် လူထုညီလာခံအပြီးတွင် ဖိတ်ခေါ်လိုက်သည်။

CDF-Hakha Central Council သည် ဒုတိယအကြိမ် လူထုညီလာခံကို စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပခဲ့ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ ဆက်လက်တော်လှန်တိုက်ပွဲ၀င်ရန် မူ၀ါဒနှင့် လမ်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့စွဲဖြင့် CDF-Hakha Central Council က ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်လပ်ရေးကိုမြတ်နိုးသော လူသားတိုင်းအတွက် နောက်ဆုံးတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးကာလအတွင်း နိုင်ငံနှင့်လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်သူရဲကောင်းများကို လေးစားဂုဏ်ပြုရင်း ပြည်သူများအားလုံး မိမိတတ်နိုင်သည့်ဖက်မှ ပူးပေါင်းပါ၀င် တိုက်ပွဲဆင်နွှဲကြရန် ဖိတ်ခေါ် ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

CDF-Hakha Central Council သည် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ပြီး စစ်မှန်သော Federal Democracy နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် CNF/A ၏ လမ်းညွန်မှုနင့် လူထုထောက်ခံအားပေးမှုအရ ပေါ်ထွက်လာသော တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး CNF/A ၊ Chinland Council၊ NUG အစိုးရနှင့် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်လည်း ချိတ်ဆက်ပြီး တော်လှန်တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။

လူဦးရေ ၃၅၀ ကျော်တက်ရောက်သော ဒုတိယအကြိမ်မြောက် လူထုညီလာခံတွင်  ဌာနအသီးသီးမှ လုပ်ငန်းနှင့် ငွေစရင်းအစီရင်ခံစာများ တင်ပြခြင်းအပါဝင် ဖွဲ့စည်းပုံ ပြန်လှန်ပြုပြင် အတည်ပြုခြင်း၊ CDF-Hakha Council ကို CDF-Hakha Central Council ဟူ၍ အဖွဲ့စည်းအမည် ပြောင်းလဲခေါ်ဝေါ်ခြင်းနှင့် ဗဟိုကောင်စီခေါင်းဆောင်များ ရွေးချယ်တင်မြောက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် CDF ဟားခါးဗဟိုကောင်စီ၏ ထိန်းချုပ်နယ်မြေအတွင်း အခြားသော မည်သည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့စည်း မရှိစေရန်နှင့် စစ်အာဏာရှင်အမြစ်ပြတ်သည့်အထိ ဆက်လက်တော်လှန် တိုက်ပွဲဝင်ရန် မူဝါဒနှင့် လမ်းစဥ်များ ချမှတ်နိုင်ခဲ့သည့်အတိုင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပက်သက်သူများဘားလုံး ဆက်လက်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ဆိုသည်။

CDF-Hakha Central Council သည် ဟားခါးမြို့နယ်အတွင်းရှိ Mie ဒေသ၊ Senthang ဒေသ၊ Zokhua Area ဒေသနှင့် ဟားခါးမြို့ပေါ်ဒေသဟူ၍ ဒေသ ၄ ခုဖြင့် စုဖွဲ့ ကာ လွတ်လပ်စွာ ပူး‌ပေါင်းဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.