• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေ၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ
ပုံစာ - စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေ၊ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

0
By Editor on August 14, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့တွင် ယနေ့မနက်ပိုင်း ၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း ချင်းကာကွယ်ရေးဖက်က သိမ်းဆည်းရမိသည်ဟု သိရသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက် မနက်ပိုင်း ၁ နာရီမှ ၂ နာရီခွဲအထိ ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ ခလရ (၂၆၈) တပ်ရင်းကို ချင်းအမျိုးသားတပ်မတော် (CNA/ CNF) နှင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့တို့က အလစ်ငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၆ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ MA3 ၄ လက်၊ ၆၀-မမ ၃လက်၊ စက်သေနတ် ၂ လက်၊ RPG လောင်ချာ ၂ ခုနှင့် ပွိုင့်-၅ စက်သေနတ်ကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထိုတိုက်ပွဲအတွင်း CDF-KKG တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ဖလမ်းမြို့က စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းအပါအ၀င် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဖလမ်းမြို့နယ် ရမ်ထလိုနှင့် ဆွန်တလာကျေးရွာက အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.