မာဂရက် – ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဇွန်လ ၂ ရက်နေ့ (၁၂း ၃၀) အချိန်တွင် ကိုဗစ်ရောဂါဖြင့် အသက် ၅၀ အရွယ် အမျိုးသမီးသေဆုံးသွားပြီး ယနေ့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။
“အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်၊ ဒီနေ့နေ့လည် ၁၂ ခွဲကျော်ကျော်မှာ မနေ့က ၄ယောက်တွေ့ထားတဲ့ထဲမှာ ၂ ယောက်ကနည်းနည်းစိုးရိမ်ရတဲ့သူထဲက တယောက်ဆုံးသွားတာ၊ သူက ကိုဗစ်ရောဂါကြောင့်ပဲ ဆုံးသွားတာ ခုနပဲ ဆေးရုံကနေ အိမ်ကို မပြန်တော့ပဲနဲ့ သချိုင်းမှာ တိုက်ရိုက်သဂြိုလ်လိုက်တယ်” ဟု ဖလမ်းမြို့ ခံတစ်ဦးက ပြောသည်။
ဖလမ်းမြို့တွင် ကိုဗစ်လူနာတွေ့ရှိမှုမြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် မလို အပ်ပဲ အိမ်ပြင်မထွက်ကြရန် နှင့် မဖြစ်မနေ အပြင်သွားလာမည်ဆိုပါက Mask တပ်ရန်၊ စား သောက်ဆိုင်များကိုလည် ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချရန်၊ စည်ပင်သာယာရေး စျေးများကို လည် အချိန်ကန့်သတ်ချက်ဖြင့် ဖွင့်ရန် စသည့်ဖြင့် ပြန်လည်လုပ်ဆောင်ရန်လိုအပ်လာ ပြီဖြစ်ကြောင်း လည်း ၎င်းကပြောသည်။
ချင်းပြည်နယ်၊ ကျီးခါးမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါတိုးများလာသောကြောင့် ZYA- Cikha ဦး ဆောင်မှုဖြင့် ယနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ဇွန်လ ၁၂ရက်နေ့အထိ ၁၀ ရက်အကြာ Lockdown အဖြစ်သတ်မှတ်လိုက်သည်ဟု သိရသည်။