Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်ကားတိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး
ပုံစာ - ဖလမ်းမြို့မှ အခြားနေရာသို့ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည့်မြင်ကွင်း

ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်ကားတိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on July 30, 2024 Khonumthung

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်များလိုက်ပါသည့် မော်တော်ယာဉ်တစ်စီး ယနေ့ညနေပိုင်းက တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ဖလမ်းမြို့မှ ကလေးနယ်စပ် Pahmunchaung ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် သွားနေစဉ်မှာ ဖလမ်း-ဝေဘူလ ကားလမ်းမပေါ်က Hmunli ကျေးရွာမရောက်ခင် ညနေပိုင်း ၄ နာရီခန့်တွင် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က စစ်ဘေးရှောင်ဖို့သွားကြတာ လမ်းအတက်မှာ ကားက စက်ရပ်သွားလို့ နောက်ပြန်လိမ့်လာပြီး ကျောက်ကမ်းပါးထဲကို ပြုတ်ချသွားတာ” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကားထဲမှာ စစ်ဘေးတိမ်းရှောင်ကြမည့်ကလေးငယ် ၃ ယောက်အပါအဝင် ပြည်သူ ၈ ဦး လိုက်ပါသွားပြီး မတော်တဆမှုကြောင့် သေဆုံးသွားသူမှာ ဖလမ်းမြို့ Cinmaul ရပ်ကွက်နေ အသက် ၆၀ အရွယ် Nu Khen Rem ဖြစ်သည်ဟု သိရသည်။

ကားသမားအပါအဝင် ကျန် ၇ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသော်လည်း အသေးစိတ်မသိရပေ။

ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်တော့မည်ဟုသတင်းထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင်တတိယပတ်လောက်ကစ၍ မြို့ပေါ်နေပြည်သူထက်ဝက်ကျော် ခန့်မှာ ကျေးရွာများ၊ နီးစပ်ရာမြို့များ၊ ပြည်မဘက်နှင့် အိန္ဒိယနယ်စပ်ဘက်သို့ ကားငှါး၍ဖြစ်စေ၊ ဆိုင်ကယ်ဖြင့်ဖြစ်စေ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.