Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်ကားတိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး
ပုံစာ - ဖလမ်းမြို့မှ အခြားနေရာသို့ စစ်ဘေးရှောင်ရန် ပြင်ဆင်နေကြသည့်မြင်ကွင်း

ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်ကားတိမ်းမှောက် အမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on July 30, 2024 Khonumthung

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် စစ်ဘေးရှောင်များလိုက်ပါသည့် မော်တော်ယာဉ်တစ်စီး ယနေ့ညနေပိုင်းက တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ဖလမ်းမြို့မှ ကလေးနယ်စပ် Pahmunchaung ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်ရန် သွားနေစဉ်မှာ ဖလမ်း-ဝေဘူလ ကားလမ်းမပေါ်က Hmunli ကျေးရွာမရောက်ခင် ညနေပိုင်း ၄ နာရီခန့်တွင် မတော်တဆ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က စစ်ဘေးရှောင်ဖို့သွားကြတာ လမ်းအတက်မှာ ကားက စက်ရပ်သွားလို့ နောက်ပြန်လိမ့်လာပြီး ကျောက်ကမ်းပါးထဲကို ပြုတ်ချသွားတာ” ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကားထဲမှာ စစ်ဘေးတိမ်းရှောင်ကြမည့်ကလေးငယ် ၃ ယောက်အပါအဝင် ပြည်သူ ၈ ဦး လိုက်ပါသွားပြီး မတော်တဆမှုကြောင့် သေဆုံးသွားသူမှာ ဖလမ်းမြို့ Cinmaul ရပ်ကွက်နေ အသက် ၆၀ အရွယ် Nu Khen Rem ဖြစ်သည်ဟု သိရသည်။

ကားသမားအပါအဝင် ကျန် ၇ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်ဟုသိရသော်လည်း အသေးစိတ်မသိရပေ။

ဖလမ်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖော်ဆောင်တော့မည်ဟုသတင်းထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင်တတိယပတ်လောက်ကစ၍ မြို့ပေါ်နေပြည်သူထက်ဝက်ကျော် ခန့်မှာ ကျေးရွာများ၊ နီးစပ်ရာမြို့များ၊ ပြည်မဘက်နှင့် အိန္ဒိယနယ်စပ်ဘက်သို့ ကားငှါး၍ဖြစ်စေ၊ ဆိုင်ကယ်ဖြင့်ဖြစ်စေ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.