Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

0
By Editor on November 19, 2025 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင်စစ်ကြောင်းထိုးမှုကြောင့် ကလေးငယ် ၃၀၀၀ ကျော် အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပြီး လက်ရှိမှာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

“၁၀ နှစ်အောက်ကလေးငယ်တွေက ၃၀၀၀ လောက်ရှိတယ်။ စစ်ရှောင်လူဦးရေးက ၂၀၀၀၀ ကျော်ပြီး။ ဖလမ်းရဲ့ အရှေ့ဘက်နဲ့ မဏီပူရ တစ်လျှောက်က အကုန်လုံးက စစ်ရှောင်ရတယ်။ စစ်ကြောင်းက ၃ ကြောင်းလောက် ထိုးတဲ့အခါကြတော့ အကုန်လုံးက လွတ်မြောက်ရာကို ပြေးကြရတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

ကလေးမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင်တပ်များကြောင့် ကလေးမြို့တောင်ပိုင်းက ဒေသခံများသည် ချင်းတောင်ပေါ်ကို စစ်ဘေးရှောင်လာကြောင်း၊ စစ်တပ်က ဆက်လက်၍ စစ်ကြောင်းထိုးလာသောအခါ ယင်းစစ်ဘေးရှောင်များအပါအဝင် ဖလမ်းအရှေ့ဘက်ဒေသနှင့် မဏီပူရနယ်စပ်ဒေသက ပြည်သူများပါ စစ်ဘေးရှောင်ကြရသည်ဟု သိရသည်။

စစ်ဘေးရှောင်ပြည်သူများသည် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ စောင်များ၊ မိုးကာများ လိုအပ်နေကြောင်း၊ တချို့စစ်ဘေးရှောင်များသည် ကျေးရွာများမှာပင် မနေထိုင်ရဲဘဲ တောင်ယာထဲတွင် စစ်ဘေးရှောင်ရသည်ဟု သိရသည်။

“အခုချိန်က မိုးရာသီကျော်လွန်ပြီးတော့ ဆောင်းရာသီ ရောက်လာတဲ့အခါကြတော့ အတော် အေးတဲ့ အခြေအနေမှာ ရှိတယ်။ စောင်တွေ၊ စားစရာတွေ ၊ ဆေးဝါးတွေကတော့ လိုအပ်ပါတယ်၊၊ ဒီဟာတွေ အကူအညီ လိုအပ်တဲ့ အခြေ အနေမှာ ရှိပါတယ်။ ဒီဟာတွေကို ကူညီထောက်ပံ့ဖို့ရန်အတွက် ကျနော်တို့ တောင်းဆိုပါတယ်။ ကူညီထောက်ပံ့ ချင်တယ်ဆိုရင် CNO ပေစ့်မှာသော်လည်းကောင်း ဆက်သွယ်လို့ ရပါတယ်” ဟု CNO/ CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ ကလေးမြို့တောင်းပိုင်းက စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်သည် နိုဝင်ဘာလ ၃ ရက်တွင် စစ်ကိုင်း – ချင်းနယ်စပ်ရှိ ဝေဘူလမြို့ကို ဝင်ရောက်သည်ဟု သိရသည်။

ဝေဘုလမြို့ကို ရောက်ရှိလာသော စစ်ကော်မရှင်တပ်ဖွဲ့တွင် အင်အား ၅၀၀ ဝန်းကျင် ရှိပြီး ယင်းတို့ထဲက တပ်အင်အား ၃၀၀ ခန့်သည် ဖလမ်းမြို့ဘက်ကို မဏီပူရနယ်စပ်တစ်လျှောက် ခြေကုတ်ယူ၍ ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ ၁၇ ရက် မှစတင်၍ စစ်ကော်မရှင် စစ်ကြောင်းတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်တပ်တို့ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.