• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီး

ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီး

0
By Editor on October 26, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင် ယနေ့မနက်ပို်င်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ် ၈ လုံး ထပ်မံမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာသားများ၏ အသုံးအဆောင်ပစ္စည်းအများ အပြားကိုလည်း ခိုးယူသွားကြသည်ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။

“ စစ်သားတွေက မနေ့ညက ရွာမှာအိပ်ကြတယ်။ ဒီမနက်သူတို့ (စစ်သားတွွေ) ထွက်တာနဲ့ အိမ်ကိုမီီးရှို့တာ ၈ လုံး၊ သူတို့လည်းထွက်တော့ ကျွန်တော်တို့ ဝင်တာနဲ့ မီးခိုးတွေ့လို့ မီးငြိမ်းကြတာ အကုန်လုံး ပျက်စီးသွားပြီ။ ပြာဖြစ်ပြီ။ ဟိုအရင်မှာက ၃ လုံးမီးရှို့တာ။”ဟု တားလ်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တားလ်ကျေးရွာတွင် အောက်တိုဘာလ ၁၇ ရက်မှ ၁၉ ရက်နေ့ ၃ ရက်အကြာ စခန်းချတပ်စွဲထားခဲ့ကြသည့်အပြင် အောက်တိုဘာလ ၂၃ ရက်နေ့မနက်ပိုင်းက ဟား ခါးမြို့မှ ဖလမ်းမြို့ကို စစ်ကား ၅၀ စီးခန့်တို့ဖြင့် ပြန်လှည့်လာကြရာ တားလ်ကျေးရွာရှိ ဘုရားကျောင်း တွင် ညကြပြီးနောက် ယနေ့မနက်တွင် ၎င်းတို့ရွာမှ လူနေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များကို ဖောက်ထွင်းခဲ့ကြသည့်အပြင် ရိက္ခာများအပါအဝင် စောင်၊ ထိုင်ခုံ၊ ပေါင်းအိုး၊ ပရိ​ဘောဂ ပစ္စည်းများကိုလည်း ခိုးယူသယ်ဆောင်သွား ကြသည်ဟုု သိရသည်။

တားလ်ကျေးရွာသည် ဖလမ်းမြို့မှ ၁၄ မိုင်ခန့်ကွာဝေးကာ အိမ်ခြေ ၃၇ အိမ်ရှိပြီးစစ်ကောင်စီမှ မီးရှို့ဖျက်စီးခံရသောလူနေအိမ် ၁၁ လုံးရှိသည်ဟု သိရသည်။

တားလ်ကျေးရွာ ပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖလမ်းမြို့နယ်ကို ရောက်ရှိလာပြီဟု သတင်းရသည့်အချိန်မှ စတင်ပြီး ရွာလုံးကျွတ် ချောင်းစပ်၊ တောထဲတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်မှာ ရက်သတ္တပတ် နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.