• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သူ (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားဟု CNDF ထုတ်ပြန်

ဖလမ်းမြို့ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သူ (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းထားဟု CNDF ထုတ်ပြန်

0
By Editor on March 14, 2022 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် မတ်လ (၅) ရက်နေ့ ည (၉:၀၀) နာရီခန့်က မြို့တွင်းရှိ အိမ်ခြေ (၄) လုံးအား ဓာတ်ဆီဖြင့်မီးရှို့ရန်ကြိုးစားခဲ့သူ ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း CNDF က ထုတ်ပြန်သည်။

အဆိုပါ (၃) ဦးမှာ CCTV မှတ်တမ်းများနှင့် မျက်မြင်သက်သေများ​၏ ပြောကြားချက်များအရ CNO/CNDF မှ လိိိုက်လံစုံစမ်းရာ Biak Ceu Lal, Ceu Lian Hum နှင့် Sang Lian တို့ဖြစ်ကြောင်း ထင်ရှားသည့်အတွက် မတ်လ (၉) ရက်ည၌ Biak Ceu Lal နှင့် Ceu Lian Hum တို့အား မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် ဖမ်းဆီးခဲ့ရပြီး မတ်လ (၁၁) ရက်၌ Sang Lian အား မီဇိုရမ်ပြည်နယ်၊ ဇိုခေါထာရ်ရွာတွင် ဖမ်းဆီးခဲ့ရာ CNDF အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

၎င်းတို့ ၃ ဦးသည် မတ်လ (၆) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင်လည်း ဖလမ်း-ရိဒ်လမ်းမကြီးပေါ်ရှိ လိုင်းမွာလ်ကျေးရွာမရောက်မီ အိမ်တစ်လုံးအား မီးရှို့ဖျက်စီးခဲ့ပါသည်ဟု CNDF က ဆိုသည်။

၂၀၂၂ ခုနှစ်၊ မတ်လ (၆) ရက် ညသန်းခေါင် (၁၁:၃၀) နာရီခန့်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက် (လန်ပါး) ရှိ နေအိမ် (၃) လုံး မီးလောင်ကျွမ်းမှုတွင်လည်း ၎င်းတို့ (၃) ဦးအား သံသယတရားခံအဖြစ် ထားရှိပြီး စစ်ဆေးမေးမြန်းလျက်ရှိရာ ဆက်လက်ဖော်ထုတ်သွားမည်ဟု CNDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖလမ်းမြို့အတွင်း ပြည်သူလူထု​​၏ အိုးအိမ်ပျက်စီးစေလိုမှုနှင့် ကြောက်ရွံ့တုန်လှုပ်စေသောအမှုအား ပြုလုပ်သည့် ၎င်းတို့ (၃) ဦးအား ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် CNO/CNDF အနေဖြင့် ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.