• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဗိုလ်ချူပ်ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများ ရာဘာကျည်ဆံဖြင့်ပစ်ခတ်ဖြိုခွဲမှု ချင်းလူငယ်များကန့်ကွက်

ဗိုလ်ချူပ်ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများ ရာဘာကျည်ဆံဖြင့်ပစ်ခတ်ဖြိုခွဲမှု ချင်းလူငယ်များကန့်ကွက်

0
By Editor on February 12, 2019 Khonumthung

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြန်လည်ဖျက်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့မှ ရာဘာကျည်ဆံဖြင့် ပစ်ခတ်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချသည်ဟု ချင်းလူငယ်များကွန်ယက်က ယနေ့ကြေညာချက်တစ်ဆောင်ထုတ်ပြန်လိုက်သည်။

ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ သပိတ်မှောက်ဆန္ဒပြနေသည့် လူငယ်များအား စေ့စပ်ညှိနှိုင်းအဖြေရှာသည့်နည်းလမ်း မလုပ်ဆောင်ဘဲ အင်အားသုံးဖြိုခွဲသည့် ကယားပြည်နယ်အစိုးရ၏လုပ်ရပ်သည် ဒီမိုကရေစီလမ်းကြောင်းနှင့် တိုင်းရင်းသားအချင်းချင်းအကြား ရင်ကြားစေ့ရေးကို ပိုမိုထိခိုက်စေနိုင်သည့်အပြင် လူငယ်များအနေဖြင့် ပြည်ထောင်စုအပေါ် အယုံအကြည်မဲ့စေလာနိုင်သည့်အတွက် ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် ကန့်ကွက်ရှုံ့ချသည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။

ထောင်နှင့်ချီသော ဗိုလ်ချူပ်ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများသည် ကြေးရုပ်ထားရှိသည့် ကန္တာဟေ၀န်ပန်းခြံဆီကို စစ်ကျောင်း (၄) ကျောင်းဖြင့် ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ (၁၀) ယောက်ခန့် ဒဏ်ရာရရှိခဲ့ကြသည်။

ယနေ့လွိုင်ကော်မြို့ ချီတက်ဆန္ဒပြမှုတွင် ချင်းလူငယ်များကွန်ယက်မှ ချင်းလူငယ် (၄) ဦးလည်း သွားရောက်ပါဝင်ကြသည်ဟု ချင်းလူငယ်များကွန်ယက်မှ ဗဟိုကော်မတီဝင် ဆလိုင်းမွန်ဘွေးကပြောသည်။

“ကျွန်တော်တို့တွေ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတာဖြစ်တယ်၊ အဲဒီအရွေ့မှာ အချင်းချင်း ၀န်းရံဖေးမတယ်၊ ရဲဘော်စိတ်ဓာတ်နဲ့ ကျွန်တော်တို့က လာပြီးဝန်းရံတာဖြစ်တယ်” ဟု ဆလိုင်းမွန်ဘွေးကပြောသည်။

ယခုလက်ရှိတွင် ဆန္ဒပြခေါင်းဆောင်အချို့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းနေသည်ဟု သူကဆက်ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ (၂) ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ် ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ယနေ့ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.