Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

0
By Editor on January 13, 2023 Featured

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတည်ရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ချင်းအမျိုးသားတပ်မတော်က ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့ပါတယ်။

CNF/CNA ဗဟိုဌာနချုပ် တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အခြေအနေအသေးစိတ်ကို ပြောပြလို့ရမလား။

ဖြေ။ ။ စစ်ကောင်စီက ကျွန်တော်တို့ ဗဟိုဌာနချုပ်ကို နှစ်ကြိမ် ဗုံးလာကြဲတာပေါ့နော်။ ပထမတစ်ကြိမ်က ညနေ ၄ နာရီပေါ့၊ ဒုတိယအကြိမ်ကတော့ ညနေ ၅ နာရီခန့်မှာပေါ့။ ဒီပထမတစ်ကြိမ်တုန်းကတော့ ဗုံးကြဲလေယာဉ် ၅ စီးလာပြီး တော့မှ ၅ ကြိမ်ကြဲတယ်၊ အဲ့ဒီမှာ တစ်လုံးကတော့ အိန္ဒိယဘက်ကျသွားတာပေါ့နော်။ အဲဒီနေ့ဖြစ်စဉ်မှာ ကျွန်တော်တို့ ရဲမေ နဲ့ ရဲဘော် ၅ ဦးကျသွားတာပေါ့၊ အဆောက်အအုံတစ်ချို့လည်းပျက်စီးတယ်၊ ဒုတိယ တစ်ကြိမ်ကတော့ တိုက်လေယာဉ် ၃ စီးလာတယ် ဒါပေမဲ့ ၂ စီးကပဲ ဗုံးကြဲတယ်ပေါ့နော်။ တစ်စီးကတော့ ပြန်ခေါက်သွားတယ်။ ဒုတိယအကြိမ်ကတော့ ဒီ အရ ပ်ဘက်ပြည်သူတွေနေတဲ့ ဆေးရုံ ဆေးခန်းက အဆောက်အုံတစ်ချို့ပျက်စီးသွားတာပေါ့နော်။ ကျွန်တော်တို့ဘက်က မနေ့ ကတော့ အထိခိုက်တော့မရှိဘူးပေါ့။ အားလုံး ဗုံးကြဲလေယာဉ်က ၈ စီးလာပြီးတော့ ဗုံးအလုံးကျတဲ့နေရာက ၉ နေရာ လောက်လို့ ကျွန်တော်တို့သိရတယ်။

မေး။ ။ စစ်ကောင်စီအနေနဲ့ CNF ဌာနချုပ်ကို ဘာကြောင့် တိုက်ခိုက်ရတယ်လု့ိယူဆရပါသလဲ။

ဖြေ။ ။ ကျနော်တို့ ချင်းအမျိုးသားတပ်ဦး/တပ်မတော် ဗဟိုဌာနချုပ်ကို ခုလိုဗုံးကြဲလေယာဉ်နဲ့တိုက်ခိုက်လာတယ်ဆိုတာ ရှင်းပါတယ် သူ့မှာအစီစဉ်ရှိပါတယ် သူ့အစီစဉ်ကတော့ ဒီနှစ်ထဲမှာရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်တယ် ဒေသငြိမ်းချမ်းရေး တည်ငြိမ်ရေးလုပ်ပြီးရင် ရွေးကောက်ပွဲလုပ်မယ်ပေါ့ အဲဒီကြားထဲမှာ သူ့ကိုနှောက်ယှက်နိုင်မယ့် ဟန့်တားနိုင်မယ့် ပြည်တွင်း ကဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ချေမှုန်းမယ်ပေါ့၊ အဓိကကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးနေတဲ့ကျနော် တို့ဗဟိုဌာနချုပ်အထိဗုံးကြဲလာတာဖြစ်တယ် တခြားအကြောင်းပြချက်တွေလည်းအများကြီးရှိတာပေါ့နော် အဓိကထဲက တစ်ချက်ကတော့ အဲဒီဟာပါပဲ။

မေး။ ။ CNF ဗဟိုဌာနချုပ်အထိ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာတဲ့အပေါ်မှာ CNF အနေနဲ့ ဘယ်လိုတုန့်ပြန်သွား မလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အမြဲတမ်းပဲ အတတ်နိုင်ဆုံး ရှိတဲ့လက်နက်နဲ့ တုန့်ပြန်နေတာပေါ့နော်၊ ဗုံးကြဲ လေယာဉ်ပဲ လာလာ၊ ဘာပဲလာလာ ကျွန်တော်တို့ ရတဲ့လက်နက်နဲ့ ကျွန်တော်တို့ မဖြစ်မနေ အတတ်နိုင်ဆုံး တုန့်ပြန်နေတာပေါ့။ ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး။ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောက်ရေးအတွက် အဆုံးစွန်ထိ ကျွန်တော်တို့က တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်၊ တစ်ခြား ညီနောင်တိုင်းရင်းသားအဖွဲ့စည်းတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ NUG အစိုးရ စတဲ့ အားလုံး ပူးပေါင်းမှုနဲ့ အဆုံးစွန်ထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတဲ့အတိုင်း ကျွန်တော်တို့က ဆက်ပြီးတော့ တိုက်ပွဲဝင်ဖို့ပဲရှိပါတယ်။

မေး။ ။ စစ်ကောင်စီက ကြဲလိုက်တဲ့ ဗုံးတစ်လုံးဟာ အိန္ဒိယနိုင်ငံထဲ ကျရောက်ပေါက်ကွဲမှုရှိတယ်လို့သိရပါတယ်၊ ဒီအပေါ်မှာ အိန္ဒိယကလည်း တစ်စုံတရာပြောဆိုတာမရှိသေးဘူး။ ဒီကိစ္စကြောင့် စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရကြား ဆက်ဆံရေးကဘယ်လိုမျိုး အခြေနေတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့ သူတို့ကြဲလိုက်တဲ့ ဗုံးတစ်လုံးကတော့ အိန္ဒိယနိုင်ငံထဲ ကျသွားတာပေါ့နော်။ အဲ့လိုကျပြီးတော့ နောက်နေ့ အစောကြီးမှာပဲ အိန္ဒိယ စစ်တပ်က ခုနှစ်ယောက်၊ ရှစ်ယောက်လောက် တပ်စိပ် တစ်စိပ်စာ ဆင်းလာပြီးတော့ Confirm လာ လုပ်တာပေါ့နော် အိန္ဒိယဗဟိုအစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူးပေါ့။ ဒါပေမဲ့ တစ်ခုရှိတာ က အိန္ဒိယက ဒီမိုကရေစီအစိုးရဖြစ်ဖြစ်၊ စစ်အစိုးရဖြစ်ဖြစ် တစ်လျောက်လုံးမှာ သူကဆက်ဆံနေ တာဖြစ်တယ်။ ဒီနှစ်နိုင်ငံ နယ်စပ်လမ်းကြောင်းမှာရှိနေတဲ့ သူတို့အခေါ်ပေါ့ သောင်းကြမ်းသူဆိုတဲ့ တိုင်းရင်းသား လက်ကိုင်အဖွဲ့စည်းပေါ့ လူမျိုးစုလက် နက်ကိုင်အဖွဲ့စည်းတွေကို အပြန်အလှန် အပ်နှင်းရေး၊ ခြေမှုန်းရေး၊ ပူးပေါင်း ဆောင်ရွက်ရေးဆိုတဲ့ဟာတော့ သူတို့ကအမြဲ တမ်းလက်ကိုင်ထားတာပေါ့လေ၊ နောက်တစ်ခု ဝမ်းနည်းစရာတော့ ဒီစစ်ကောင်စီကို လက်နက်တွေပါပံ့ပိုးနေတာရှိတာ ပေါ့နော်၊ အဲ့သလိုရှိနေတယ်ဆိုတော့ ဒီအိန္ဒိယအစိုးရက သူ့ရဲ့ Policy က ပြတ်သားတဲ့ Policy မဟုတ်ဘူး ပြီးတော့ ကျွန်တော် တို့ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ နွေဦးတော်လှန်ရေး အနေ အထားကို သူကောင်းကောင်း သဘောပေါက်တယ် သိတယ်။ ဒါပေမဲ့ ဒီစစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်နေတာကတော့ ဝမ်းနည်းစရာဖြစ်တာပေါ့။

မေး။ ။ တခြား ဘာများဖြည့်စွပ်ပြောချင်တာရှိလဲ။

ဖြေ။ ။ စစ်ကောင်စီအနေနဲ့ အရပ်ဘက်ပြည်သူကို မရှောင်ပဲ ဗုံးကြဲလေယာဉ်နဲ့ ဒီလို အကြမ်းဖက်လုပ်နေတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ် ပြည်သူလူထု ထိခိုက်မှုတွေများလာလေ ပြည်သူက စိတ်ဆိုးလေပါပဲ၊ စစ်ကောင်စီကို အမုန်းပွားလေပါပဲ ဘယ်လိုမှ ထိန်းလို့ပြုလို့ရမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ပြည်သူ့ဆန္ဒက စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေးပဲ၊ သူ ဘယ်လောက်ပဲလုပ်နေလုပ်နေ ပြည်သူက ငြိမ်နေမှာမဟုတ်ပါဘူး၊ ပြည်သူနင့် အတူ ကျွန်တော်တို့ လက်တွဲ တိုက်ပွဲဝင်ရုံပဲရှိတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.