Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ စစ်ကောင်စီက ဓမ္မဆရာတစ်ဦးနှင့် သင်းထောက် လူကြီး (၃) ဦးကို ဖမ်းဆီးသတ်ဖြတ်
ပုံစာ - မင်းတပ်မြို့ (ပုံဟောင်း)

မင်းတပ်မှာ စစ်ကောင်စီက ဓမ္မဆရာတစ်ဦးနှင့် သင်းထောက် လူကြီး (၃) ဦးကို ဖမ်းဆီးသတ်ဖြတ်

0
By Editor on July 31, 2023 Headline

(06SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့ အခြေစိုက် ခလရ (၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်သားများက မင်းတပ် (ချင်း) အမျိုးသား ခရစ်ယာန်ဓမ္မဆရာ (၁) ဦးနှင့် သင်းထောက် လူကြီး (၃) ဦးကို ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်လိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“သူတို့ ဖမ်းခေါ်သွားပြီးတော့ (မိသားစုဝင်) မေးမြန်းတဲ့အခါမှာ ၊ သူတို့ စစ်ဆေးမေးမြန်းနေတုန်းလို့ ပြောတယ်။ နောက်တစ်ကြိမ် အဖမ်းခံရတဲ့ သူတွေကို ပြန်မေးတော့ မရှိဘူး၊ မသိဘူးလို့ပဲ ငြင်းတယ်။ သူတို့စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သတ်ဖြတ်လိုက်ပုံပဲ။ ဘေးအနီးနားက လူတွေကလည်း သူတို့ အနှိပ်စက်ခံရတယ်။ အသံတွေ ကြားနေရတယ်ပေါ့နော်၊ ကျနော်တို့က ဖမ်းဆီးနှိပ်စက်လို့ သေသွားရင်လည်း အလောင်းတော့ ပြန်ပေးပါ၊ ဈာပနာ လုပ်ဖို့ပါဆိုရင်လည်း သူတို့က မသိဘူး။ မရှိဘူးပဲ ဘူးခံ ငြင်းတာပေါ့နော်။ အဲဒါကို ကြည့်ပြီး အသက်သေဆုံး သွားပြီးလို့ သတ်မှတ်ယူဆလို့ ရတာပေါ့လေ” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။

မင်းတပ်မြို့၊ အနောက်ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်း စစ်ဘေးရှောင်စခန်အတွင်း ရပ်ထားသော ဆိုင်ကယ် များလွန်းသည်ဟု အကြောင်းပြပြီး ခလရ (၂၇၄) တပ်ရင်းမှ အရက်သေစာများ မူးယစ်နေသော စစ်ကောင်စီတပ်သားများက ခရစ်ယာန်ဓမ္မဆရာ အပါအဝင် သင်းထောက်လူကြီး ၄ ဦးကို ဇူလိုင်လ ၁၆ ရက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဘာသာရေးခေါင်ဆောင်များသည် မြို့ပေါ်တွင် စစ်ဘေးရှောင်နေရသော ပြည်သူများ အဆင်ပြေစေရန် ဦးဆောင်၍ စီစဉ်ပေးနေသူများဖြစ်သည် သိရသည်။

ဇူလိုင်လ ၂၆ ရက် ဖမ်းဆီးခံရပြီး (၁၀) ရက်အကြာတွင် မိသားစုဝင်များနှင့် ဘာသာရေးခေါင်းဆောင်များက ဒုတိယအကြိမ် ထပ်မံမေးမြန်းရာ ဖမ်းဆီးခံရသူများကို မသိကြောင်း၊ မရှိကြောင်းသာ တုံ့ပြန်ခဲ့ပြီး မေးမြန်း နှိပ်စက်ရာတွင် အသက်သေဆုံးသွားသည်ဟု ယူဆရကြောင်း သိရသည်။

စစ်ကောင်စီ၏ ဘာသာရေး ဓမ္မဆရာနှင့် သင်းထောက်လူကြီးများကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်ခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်သည်။

မင်းတပ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သရုပ်မှန်ကို သိရှိနားလည်ပြီးနောက် တော်လှန်ရေးမှာ ဆက်လက်ပူးပေါင်း ပါဝင်ကြရန် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.