• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

0
By Editor on September 29, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက တိုက်နယ် ၄ သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ် (၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်တချို့လည်း ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်က မင်းတပ်မြို့နယ်အတွင်းရှိ တိုက်နယ် ၄ ဘက်သို့ မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အသက် ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တစ်လုံးနှင့် အိမ်သာ (၂) လုံးတို့မှာ ထိခိုက်ပျက်စီး သွားသည်ဟု သိရသည်။

မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက မည်သည့်အတွက်ကြောင့် လက်နက်ကြီးများ ရမ်းတမ်းပစ်ခတ်နေမှုနှင့် ထိဒဏ်ရာဒဏ်ရာ ရရှိသွားသော ကလေးငယ် ၂ ဦး၏ အခြေအနေကို မင်းတပ် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး ဆက်သွယ်၍ မရသေးပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က မင်းတပ်မြို့အဝင်တွင် စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားသော သက်ကြီးပိုင်း အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သော ဇနီးဖြစ်သူကို ခလရ ၂၇၄ တပ်ရင်းက ဆေးကုသပေးနေသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးမှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်က မင်းတပ်မြို့အဝင်က ဂိတ်ကို CDF – မင်းတပ်က ရုတ်တရက် စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီမှ ရဲတပ်ကြပ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ၃ ဦး ရရှိတယ်လို့ ဒေသခံများက ပြောသည်။

မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းနှင့် ကင်းစခန်းများကို CDF – မင်းတပ်က ပျောက်ကြားတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပိုပြလုပ်နေပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုတွေ ပိုလုပ်ဆောင်လာသည်၊ ထိုသို့ မတရားစွပ်စွဲဖမ်းဆီးမှုများရှိနေ၍ ပြည်သူများ သတိပြုနေထိုင်ရန်နှင့် စစ်တပ်အနီးအနားတွင် မနေထိုင်ရန် CDF မင်းတပ်က သတိထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.