Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းဘူး-အမ်းလမ်းမပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု CDF- အရှို ထုတ်ပြန်

မင်းဘူး-အမ်းလမ်းမပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု CDF- အရှို ထုတ်ပြန်

0
By Editor on July 12, 2024 Headline

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ် မင်းဘူး- အမ်း လမ်းမပေါ်တွင် တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို CDF- အရှိုနှင့် PDF- ဧရာဝတီတို့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၉ ရက် နံနက် ၉ နာရီခန့်က ငဖဲမြို့နယ်၊ မင်းဘူး- အမ်း လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို (CDF- Asho) နှင့် ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (APDF) တို့၏ မဟာမိတ်ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်မှာ CDF- အရှို၊ သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

မကွေးတိုင်းအနောက်ခြမ်းရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်းမှ တပ်အပြောင်းအရွှေ့ပြုလုပ်ရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို အမ်း- မင်းဘူး လမ်းပေါ်ရှိ မှိန်းစိမ်ရွာလမ်းခွဲအနီးတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းစစ်ကြောင်းက ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသည် တိုက်ပွဲနေရာမှာပင် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားသူများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ အမ်အေ သေနတ် ၁ လက်၊ G- 3 အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း CDF – အရှို၊ စစ်ရေးမှတ်တမ်းဌာနမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.