• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၈ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး

မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၈ ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရ အမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on June 7, 2021 Khonumthung

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းယက်ရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈ ဦးသည် ကိုဗစ်ပိုးကူးစက်ခံထားရပြီး ၎င်းတို့အနက် ရွှေဘိုမြို့နယ်မှ အသက် ၄၀ ကျော်အရွယ်အမျိူးသမီးတစ်ဦး ဇွန်လ ၆ ရက်နေ့တွင်သေဆုံးသွားကြောင်းသိရသည်။

ယခုကိုဗစ်ပိုးကူးစက်ခံထားသူများအပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ခန့်တို့သည် လွန်ခဲ့သည့် ၃ လခန့်ကတည်းက မဏိပူရ်ပြည်နယ် Curachandpur မြို့တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ကြရာတွင် အဖမ်းဆီးခံခဲ့ရသူများဖြစ်ကြသည်ဟု ယက္ကန်းသမားတစ်ဦးက ပြောပါသည်။

“ဖမ်းဆီးချုပ်နှောင်ခံထားသူ အယောက် ၃၀ ရှိတယ်။ ၈ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ်။ ကူးစက်ခံရတဲ့အထဲမှာ အမျိုးသမီးတဦး ဒီကနေပဲဆုံးသွားတယ်။ သူတို့က ဒီပြည်နယ်မှာ ယက္ကန်းလုပ်ငန်းကိုလုပ်ကိုင်ဖို့ လာကြတာဖြစ်တယ်။ မြန်မာနိုင်ငံ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင် CDM တွေ ဒီဘက်ကို အများကြီးထွက်ပြေးလာကြတယ်။ အဲဒါကို အိန္ဒိယဗဟိုအစိုးရက ဖမ်းဆီးပြီးပြန်ပို့ဖို့ အမိန့်ပေးခဲ့စဉ်က ဖမ်းဆီးတဲ့အထဲ ပါသွားတဲ့သူတွေဖြစ်တယ်။ Foreigner case အမှုဖွင့်ထားတယ်ကြားတယ်။ ကိုဗစ်ကြောင့် အမှုက စစ်ဆေးလို့မရသေးဘူး၊ ဒါကြောင့် ကြန့်ကြာနေရခြင်းဖြစ်တယ်” ဟု ယက္ကန်းသမားတစ်ဦးက ပြောပါသည်။

ယခုကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသူများအနက် တစ်ဦးမှာလည်း အခြေအနေစိုးရိမ်နေရကြောင်း သိရသည်။

“အဖမ်းခံရတဲ့သူတွေကို အချုပ်ခန်းနှင့်ထောင်မှာမထားဘူး။ အိမ်တစ်လုံးမှာ ထားထားတယ်။ အပြင်ကနေသူတို့ကို ထမင်းဟင်းတွေ သွားသွားပေးရတယ်။ ဒါကြောင့် အပြင်ကနေဘဲ ကူးစက်တာဖြစ်မယ်။ အခု ကိုဗစ်ရောဂါပိုးရှိတဲ့ ၇ ယောက်ကို ဆေးရုံမှာ ကုသနေတယ်။ တယောက်ကတော့ အဆုပ်ရောဂါအခံရှိထားတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်” ဟု ၎င်းကဆက်ပြောသည်။

မဏီပူပြည်နယ်သည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာစစ်ဘေးရှောင်များ ထွက်ပြေးခိုလှုံနေကြသော ပြည်နယ်တစ်ခုဖြစ်သည်။

လက်ရှိတွင် မြန်မာပြည်သား ယက္ကန်းအလုပ်သမား အယောက် ၂၀၀ ကျော်ရှိသည်။
Rc

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.