• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

မဏိပူရ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

0
By Editor on February 7, 2023 Headline

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ချူရချမ်ပူရ်ခရိုင် နယူးလန်ကားမြို့ Vaal ရပ်ကွက်တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်ကြသော မြန်မာနိုင်ငံသား ၁၀ ဦးကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

“မနေ့ ညနေက မဏိပူရ်ရဲတွေက ယက္ကန်းရုံမှာဝင်ဖမ်းတာ ၁၀ ယောက်ပါသွားတယ်၊ အခုတော့ ဘယ်သူမှအိမ်မှာမနေရဲ ကြဘူး တောထဲမှာပုန်းနေကြရတယ်” ဟု မဏိပူရ်က ယက္ကန်းသမားတစ်ဦးက ပြောသည်။

ယခုအဖမ်းခံရသူအများစုသည် စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ဘက်ကဖြစ်ကြပြီး မြန်မာနိုင်ငံတွင် စစ်ရေး နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ကာ ယက္ကန်းခတ်၍ အသက်မွေးဝမ်းကျောင်းရှာဖွေနေသူများဖြစ် ကြသည်။

မဏိပူရ်ပြည်နယ် နယူးလန်ကားမြို့နယ်တွင် မြန်မာနိုင်ငံက ယက္ကန်းသမား ရာဂဏန်းခန့်ရှိကြပြီး ယခင်ကလည်း မဏိပူရ် ပြည်နယ်အစိုးရက မကြာခဏဖမ်းဆီးလေ့ရှိသည်။

ယခုလက်ရှိမှာလည်း မဏိပူရ်ပြည်နယ်ထောင်ထဲတွင် အဖမ်းခံရသည့် မြန်မာယက္ကန်းသမား ၁၀၀ ဝန်းကျင်ခန့်ရှိသည်ဟု သိရသည်။

မဏိပူရ်ပြည်နယ်အစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မိုးရေးမြို့နယ် လန်းချန်းကျေးရွာနှင့် နီးယူ ဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနေကြသော မြန်မာစစ်ဘေးရှောင်အမျိုးသား အယောက် ၈၀ ကျော်ကိုဖမ်းဆီးခဲ့ပြီးဖြစ်သည်။

မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh ကတော့ သူ၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၀ ဦးဖမ်းဆီးထားကြောင်း တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား လက်ခံထားသော အိမ်ရှင်များကိုလည်း ဥပဒေကြောင်းအရအရေးယူမည်ဟု ရေးသားထားသည်။

ထို့အပြင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများအားတွေ့ရှိပါက သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားရန် ရေးသားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.