• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

မတူပီမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

0
By Editor on April 10, 2021 Headline
#Unicode
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဖက်အဖွဲ့အစည်းမှဦးဆောင်သူများအပါ အဝင် တက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်းကို ဧပြီလ ၇ ရက်ညနှင့် ၈ ရက်နေ့တွင် ဖမ်းဆီးသွားသည်ဟု သိရသည်။
ဧပြီလ ၇ ရက်ည ၁၀ နာရီဝန်းကျင်ခန့်တွင် တက္ကသိုလ်ကျောင်းသား ၄ ဦး အဖမ်းခံခဲ့ရပြီး ယနေ့ ဧပြီလ ၈ ရက်နေ့တွင် နောက်ထပ်တက္ကသိုလ်ကျောင်းသား ၃ ဦးနှင့် အရပ်ဖက်အဖွဲ့အစည်းတွင်ပါဝင်သူ ၄ ဦး စုစုပေါင်း ၁၁ ဦးခန့် အဖမ်းခံရ သည်ဟု မတူပီဒေသခံလူငယ်တစ်ဦးထံမှသိရသည်။
“ မနေ့ည ၄ ယောက်၊ သူငယ်ချင်း အိမ်သွားလည်ပြီး ရဲတွေက ဝိုင်းပြီးတော့မှ ဖမ်းလိုက်တာ ၁၀ နာရီ ခွဲ ၁၁ နာရီလောက်၊ ဒီမနက်မှာ ထပ်ဖမ်းတယ်ဆို တော့ ၁ဝဦးထက်မနည်းပေါ့၊ အရပ်ဖက်အဖွဲ့အစည်းဖက်မှာ တက်ကြွလှုပ်ရှားတွေပေါ့၊ ဒလန်က လိုက် ပြတဲ့ အိမ်တွေဆို သူတို့ဝင်ဆွဲတယ်၊” ဟု မတူပီဒေသခံလူငယ်ကပြောသည်။
ယမန်နေ့ညက အဖမ်းခံရသူ(၄) ဦးမှာ နောင်နောင်၊ တိုက်တပ်စ်၊ တိမောသေ နှင့် ဂျွန်အားထာ တို့ဖြစ်ပြီး ယနေ့မနက်ပိုင်း ထပ်မံအဖမ်းခံရသူများ၏ အမည်များကိုမူမသိရသေးပေ။
ယခုအဖမ်းခံရသူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှု တို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ရဲနှင့် စစ်တပ်က ဖမ်းဆီးခြင်းဖြစ်သည်ဟု ယူဆရသည်။
၎င်းတို့ကို မတူပီရဲစခန်းတွင်ထားရှိကာ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် မတူပီမြို့ ဘာသာရေး ခေါင်းဆောင်များ ဘက်မှ ယနေ့မနက်က သွားရောက်ညှိနှိုင်း မှုများရှိခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်းသိရသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္၊ မတူပီၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ားက အရပ္ဖက္အဖြဲ႔အစည္းမွဦးေဆာင္သူမ်ားအပါ အ၀င္ တကၠသိုလ္ေက်ာင္းသား ၁၀ ဦးထက္မနည္းကို ဧၿပီလ ၇ ရက္ညႏွင့္ ၈ ရက္ေန႔တြင္ ဖမ္းဆီးသြားသည္ဟု သိရသည္။
ဧၿပီလ ၇ ရက္ည ၁၀ နာရီ၀န္းက်င္ခန္႔တြင္ တကၠသိုလ္ေက်ာင္းသား ၄ ဦး အဖမ္းခံခဲ့ရၿပီး ယေန႔ ဧၿပီလ ၈ ရက္ေန႔တြင္ ေနာက္ထပ္တကၠသိုလ္ေက်ာင္းသား ၃ ဦးႏွင့္ အရပ္ဖက္အဖြဲ႔အစည္းတြင္ပါ၀င္သူ ၄ ဦး စုစုေပါင္း ၁၁ ဦးခန္႔ အဖမ္းခံရ သည္ဟု မတူပီေဒသခံလူငယ္တစ္ဦးထံမွသိရသည္။
“ မေန႔ည ၄ ေယာက္၊ သူငယ္ခ်င္း အိမ္သြားလည္ျပီး ရဲေတြက ဝုိင္းျပီးေတာ့မွ ဖမ္းလုိက္တာ ၁၀ နာရီ ခြဲ ၁၁ နာရီေလာက္၊ ဒီမနက္မွာ ထပ္ဖမ္းတယ္ဆုိ ေတာ့ ၁၀ဦးထက္မနည္းေပါ့၊ အရပ္ဖက္အဖြဲ႔အစည္းဖက္မွာ တက္ၾကြလႈပ္ရွားေတြေပါ့၊ ဒလန္က လုိက္ ျပတဲ့ အိမ္ေတြဆုိ သူတုိ႔ဝင္ဆြဲတယ္၊” ဟု မတူပီေဒသခံလူငယ္ကေျပာသည္။
ယမန္ေန႔ညက အဖမ္းခံရသူ(၄) ဦးမွာ ေနာင္ေနာင္၊ တုိက္တပ္စ္၊ တိေမာေသ ႏွင့္ ဂြ်န္အားထာ တုိ႔ျဖစ္ျပီး ယေန႔မနက္ပုိင္း ထပ္မံအဖမ္းခံရသူမ်ား၏ အမည္မ်ားကိုမူမသိရေသးေပ။
ယခုအဖမ္းခံရသူအမ်ားစုမွာ တကၠသုိလ္ေက်ာင္းသားမ်ားျဖစ္ၾကျပီး စစ္အာဏာရွင္ဆန္႔က်င္လႈပ္ရွားမႈႏွင့္ CDM လႈပ္ရွားမႈ တုိ႔တြင္ ပါဝင္ၾကသည္ဟု သံသယရွိေသာေၾကာင့္ ရဲႏွင့္ စစ္တပ္က ဖမ္းဆီးျခင္းျဖစ္သည္ဟု ယူဆရသည္။
၎တုိ႔ကုိ မတူပီရဲစခန္းတြင္ထားရွိကာ ျပန္လည္လြတ္ေျမာက္ႏုိင္ေရးအတြက္ မတူပီျမဳိ႕ ဘာသာေရး ေခါင္းေဆာင္မ်ား ဘက္မွ ယေန႔မနက္က သြားေရာက္ညွိႏႈိင္း မႈမ်ားရွိခဲ့ေသာ္လည္း ျပန္လည္လႊတ္ေပးျခင္းမရွိေသးေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်ဖက်ကို စကစက လေကြောင်းဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေ

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.