Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦးသေဆုံး

မတူပီမြို့နယ်က စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi က ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦးသေဆုံး

0
By Editor on May 8, 2023 Headline

ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ် စစ်ဗျူဟာဌာနချုပ်စခန်းကို မေလ (၅) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်မှာ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာဌာနချုပ်စခန်းကို CDF-Matupi တပ်ဖွဲ့က အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်မှ စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။

ယင်းတိုက်ပွဲတွင် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

မတူပီမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ယန္တရားများလည်ပတ်နိုင်ရန် အထောက်အကူဖြစ်စေသော စစ်ကောင်စီမှ ခန့်အပ်ထားသော ရွေးကောက်ပွဲကော်မရှင်များ၊ ရုံးဝန်ထမ်းများနှင့် အခြား စစ်ကောင်စီလက်ပါးစေများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း CDF-Matupi က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

၅ ကြိမ်မြောက် ဖလမ်းမြို့ နေရပ်ပြန်ရေး ခရီးစဉ်ကို လာမည့် ဩဂုတ် ၂၇ ရက်တွင် ပြန်လည်စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

August 20, 2026

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

August 20, 2026

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.