• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို စည်းရုံးရေးကွင်းဆင်းမှု ဆောင်ရွက်မည်ဆိုပါက မြို့နယ် ပ.အ.ဖ နှင့် CDF-Matupi တို့၏ ခွင့်ပြုချက်ရယူရမည်

မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို စည်းရုံးရေးကွင်းဆင်းမှု ဆောင်ရွက်မည်ဆိုပါက မြို့နယ် ပ.အ.ဖ နှင့် CDF-Matupi တို့၏ ခွင့်ပြုချက်ရယူရမည်

0
By Editor on September 8, 2023 Khonumthung

(003PT)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် မည်သည့်အဖွဲ့အစည်းမဆို စည်းရုံးရေးကွင်းဆင်းမှု ဆောင်ရွက်မည်ဆိုပါက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ (CDF-Matupi ဌာနချုပ်) တို့၏ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ကြရန် မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အစည်း အ‌ေ၀◌းတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) ပြန်ကြားရေးတာဝန်ခံ ဆလိုင်း KLB က “ကျွန်တော်တို့က NGO ပဲဖြစ်ဖြစ်၊ တော်လှန်ရေးအချင်းချင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လက်ဦးဆရာ CNA/CNF ပဲဖြစ်ဖြစ် ဒါက တစ်ဖွဲ့နဲ့တစ်ဖွဲ့ လေးစားမှုရှိအောင်ပါ။ ဒါက ကျွန်တော်တို့ လုံးဝခွင့်မပြုဘူးဆိုတာမရှိပါဘူး။ ခွင့်တော့ပြုပါတယ် ဒါပေမဲ့ ကျွန်တော်တို့မသိပဲနဲ့ မလုပ်ခိုင်းစေချင်ဘူးပေါ့နော်။ အဲ့လိုမျိုးကျွန်တော်တို့မသိပဲနဲ့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ နယ်မြေမှာရှိတဲ့ ပြည်သူလူထုက ကျွန်တ်ောတို့အပါ်မှာ ယုံကြည်မှုတွေအားနည်းလာတယ်။ တစ်ဖက်မှာ သူတို့ အဲ့လိုမျိုး စည်းရုံးရေးလုပ်တဲ့အခါကြတော့ ကျွန်တော်တို့မကောင်းကြောင်းတွေ၊ ကျွန်တော်တို့ တော်လှန်ရေးမကောင်းကြောင်းတွေ ပြောတယ်။ သူတို့ဖက်မှာ စည်းရုံးတယ်။ အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကြတော့ ကျွန်တော်တို့ နယ်မြေထဲမှာ ကျွန်တော်တို့ ကာကွယ်ထားတဲ့ပြည်သူကိုယ်နိုက်ကိုက ကျွန်တော်တို့ကို မယုံကြည်တဲ့အသံတွေက ထွက်လာတဲ့အခါကြတော့၊ ကျွန်တော်တို့အတွက် အဆင်မပြေတဲ့အခါမှာ နောက်နောင်အဲ့လိုမျိုးတွေမဖြစ်လာအောင်၊ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်‌လေးစားမှုရှိအောင် ပူးပေါင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အဲ့ဒီစာကို ထုတ်တာပေါ့” ဟုပြောသည်။

မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ မြို့နယ်ကျန်းမာရေးအသင်း၊ မြို့နယ်တရားရေးဌာနစသည့် တော်လှန်ရေးအင်အားစုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်လျှက်ရှိသည်ဟု ဆိုသည်။

၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ အများပြည်သူ၏ လုံခြုံရေး၊ တော်လှန်ရေးအင်အားစုများ၏ ကျေးရွာအဆင့်မှ မြို့နယ်အဆင့်ထိယန္တယားလည်ပတ်မှုအပေါ် တာ၀◌န်ယူမှု တာ၀◌န်ခံမှုရှိစေရေးအတွက် အကောင် အထည်ဖော် ဆောင်ရွက်ကြသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့က ထုတ်ပြန်သော မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ဩဂုတ်လ ၂၉ ရက်နေ့ကစ၍ မတူပီမြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့- မတူပီ (ဌာနချုပ်) တို့၏ ခွင့်ပြုချက်ကိုရယူပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရသည့် အဖွဲ့အစည်းများသာ ဆောင်ရွက် ရန်ဖြစ်သည်ဟု ဆိုသည်။

ဒေသအတွင်း ကွင်းဆင်းစည်းရုံးရေးပြုလုပ်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို (CNA/CNF နှင့် MP အစုအဖွဲ့ စသည်ဖြင့်) စည်းရုံးရေးမဆင်းမီ အပြန်အလှန် လေးစားသောအားဖြင့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့-မတူပီ၏ ဌာနချုပ်အဖွဲ့ထံ အကြောင်းကြားပြီး ပူးပေါင်း၍သာ ကွင်းဆင်းစည်းရုံးရန်ဖြစ်သည်ဟု မတူပီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများကို အားနည်းစေသည့် လုပ်ရပ်များအား လုံးဝ ခွင့်မပြုကြောင်းနှင့် ယင်း ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက ဥပဒေနှင့်အညီ အရေးယူမှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ယင်းအမိန်သည့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နောက်ထပ် အမိန့်တစုံတရာထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်သည်ဟု ဆိုထားပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.