Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မလေးရှားမှာ ချင်းဒုက္ခသည်များအရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲကျင်းပ

မလေးရှားမှာ ချင်းဒုက္ခသည်များအရေး ညှိနှိုင်းတိုင်ပင်ဆွေးနွေးပွဲကျင်းပ

0
By Editor on October 3, 2025 Khonumthung

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ချင်းဒုက္ခသည်များအရေးဆွေးနွေးသည့် ချင်း Consultation အစည်းအဝေးတရပ်ကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု Alliance of Chin Refugees (ACR)က ထုတ်ပြန်သည်။

အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်သော ချင်း Consultation အစည်းအဝေးမှာ လတ်တလော ဖြစ်ပေါ်နေသည့် အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏ အခြေနေများနှင့် ချင်းဒုက္ခသည် များအရေးအဖြေရှာပြင်ဆင်မှုများအား အဓိကထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါအစည်းအဝေးတွင် ဗြိတိန် (UK) မှ ဆရာ Jeremy Hoipangs နှင့် အမေရိကန် (USA) မှ Dr Ro Dinga တို့ ကိုယ်တိုင်တက်ရောက်ခဲ့ကြသည့်အပြင် USA နိုင်ငံမှ BACI CEO ဆရာ Elaisa Vahnie၊ BAG မှ ဆရာ Van Kio နှင့် ကနေဒါ (Canada) နိုင်ငံမှ ဆရာ Plato Van Rung Mang တို့သည်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရ သည်။

ချင်း Consultation အစည်းအဝေးမှ ရရှိသော ဒုက္ခသည်အရေးနှင့်ပတ်သက်သည့်သဘောတူညီချက်များကိုလည်း UNHCR ထံ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခ သည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခြင်း တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများဖြစ်သည်ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်ကြောင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိ ထားသည့် မလေးရှားမှ ချင်းဒုက္ခသည်များသည် လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံခဲ့ကြရသလို RSD ဟုခေါ် သော ဒုက္ခသည် အဆင့်အတန်းသတ်မှတ်သည့် အင်တာဗျူးရက်ချိန်းရရှိပြီး‌သူ အများအပြားလည်း ဖျက်သိမ်းခံခဲ့ ကြရ သည်။

လက်ရှိတွင်လည်း မလေးရှားရောက် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အထောက်အထားမဲ့ နေထိုင်မှုဖြင့် မလေးရှားရဲတပ်ဖွဲ့များ၏ ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.