• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ္ျပည္နယ္တြင္ (၁၁) ရက္အတြင္း Covid-19 ပိုးကူးစက္ခံထားရသူ (၁၀၁) ဦးရွိ

မီဇိုရမ္ျပည္နယ္တြင္ (၁၁) ရက္အတြင္း Covid-19 ပိုးကူးစက္ခံထားရသူ (၁၀၁) ဦးရွိ

0
By Editor on June 12, 2020 Khonumthung

#Zawgyi

By ရစ္ခ်က္ – ခ်င္းျပည္နယ္နဲ႕နယ္နိမိတ္ခ်င္းထိစပ္ေနေသာ မီဇိုရမ္ျပည္နယ္တြင္ (၁၁) ရက္အတြင္း Covid-19 ေရာဂါပိုး ကူးစက္ ခံထားရသူ (၁၀၁) ဦး ရွိေနၿပီးျဖစ္ေၾကာင္း သိရသည္။

မီဇိုရမ္ျပည္နယ္တြင္ ယခင္က Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ တစ္ဦးသာရွိခဲ့ၿပီး ထိုသူမွာလည္း သက္သာေပ်ာက္ကင္းလို႕ ေဆးရံုမွဆင္းသြားၿပီးျဖစ္သည္။

မီဇိုရမ္တြင္ အခ်ိန္အေတာ္ၾကာ ေရာဂါပိုးကူးစက္ခံထားရသူ မေတြ႕ရွိတဲ့ေနာက္ပိုင္း ၿပီးခဲ့သည့္ ဇြန္လ (၁) ရက္ေန႕မွစၿပီး ေရာဂါပိုးကူးစက္ခံထားရသူ ျပန္လည္ေတြ႕ရွိခဲ့ကာ ဇြန္လ (၁၁) ရက္ေန႕အထိ (၁၁) အတြင္း ေရာဂါပိုးကူးစက္ခံထားရသူ (၁၀၁) ဦး အထိ တိုးလာေၾကာင္း သိရွိရသည္။

ယခင္ Covid-19 ေရာဂါပိုးကူးစက္ခံထားၿပီး သက္သာေပ်ာက္ကင္းသြားသူတစ္ဦးအပါအဝင္ လက္ရွွိတြင္ မီဇိုရမ္ ျပည္နယ္အတြင္း ေရာဂါပိုးကူးစက္ခံထားရသူ စုစုေပါင္း (၁၀၂) ဦး ရွိၿပီး အဆိုပါ (၁၀၁) ဦး အားလံုးတို႕မွာ ျပည္နယ္ ျပင္ပမွ ေနရပ္ ျပန္လာၾကသူမ်ားျဖစ္သည္။

မီဇိုရမ္ျပည္နယ္တြင္ (၁) ရက္အတြင္း Covid-19 ေရာဂါပိုးကူးစက္ခံထားရသူ အမ်ားဆံုးအႀကိမ္မွာ ၿပီးခဲ့သည့္ ဇြန္လ (၈) ရက္ေန႕ကျဖစ္ၿပီး (၁) ရက္အတြင္း ပိုးရွိလူနာ (၄၆) ဦးေတြ႕ရွိခဲ့ေၾကာင္း ေန႕စဥ္ထုတ္သတင္းစာ Vanglaini တြင္ ေဖာ္ျပသည္။

မီဇိုရမ္ျပည္နယ္အတြင္း ေတြ႕ရွိေသာ Covid-19 ေရာဂါပိုးကူးစက္ခံထားရသူအားလံုးတို႕မွာ အိႏိၵယႏိုင္ငံအသီးသီးမွ မီဇိုရမ္ကို ေနရပ္ျပန္လာၾကသူမ်ားျဖစ္ၾကၿပီး မီဇိုရမ္ျပည္နယ္တြင္ ၿမဳိ႕နယ္ (၁၁) ခုရွိသည့္အနက္ အိုက္ေဇာလ္ ၿမဳိ႕နယ္မွ (၂၁) ဦး၊ Lunglei ၿမဳိ႕နယ္မွ (၄၅) ဦး၊ Saiha ၿမဳိ႕နယ္မွ (၁) ဦး၊ Champhai ၿမဳိ႕နယ္မွ (၅) ဦး၊ Kolasib ၿမဳိ႕ နယ္မွ (၁၁) ဦး၊ Serchhip ၿမဳိ႕နယ္မွ (၁) ဦး၊ Lawngtlai ၿမဳိ႕နယ္မွ (၄) ဦး၊ Mamit ၿမဳိ႕နယ္မွ (၉) ဦး၊ Khawzawl ၿမဳိ႕ နယ္မွ (၂) ဦးႏွင့္ Saitual ၿမဳိ႕နယ္မွ (၃) ဦး တို႕ျဖစ္ၾကသည္။

အိႏိၵယႏိုင္ငံအသီးသီးရွိ မီဇိုးလူမ်ဳိးမ်ားကို မီဇိုရမ္အစိုးရအစီစဥ္ျဖင့္ ျပည္ေတာ္ျပန္ေခၚျခင္းအစီးအစဥ္ ျပဳလုပ္ခဲ့သည့္ အခ်ိန္ကစၿပီး မီဇိုရမ္ျပည္နယ္တြင္ ၿပီးခဲ့သည့္ ဇြန္လ (၁) ရက္ေန႕ကစၿပီး ေန႕တိုင္းလိုလို Covid-19 ေရာဂါပိုး ကူးစက္ခံထားရသူမ်ား ေတြ႕ရွိလာေသာေၾကာင့္ အဆိုပါ ေရာဂါပိုးကူးစက္ခံရမႈကို ထိန္းခ်ဳပ္သည့္အေနျဖင့္ မီဇိုရမ္ ျပည္နယ္ကို Total Lockdown အျဖစ္ ဇြန္လ (၈) ရက္ေန႕ ည (၁၂) နာရီအခ်ိန္ကစၿပီး ႏွစ္ပတ္ၾကာ မီဇိုရမ္အစိုးရက ခ်မွတ္ခဲ့သည္။

#Unicode

By ရစ်ချက် – ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် (၁၁) ရက်အတွင်း Covid-19 ရောဂါပိုး ကူးစက် ခံထားရသူ (၁၀၁) ဦး ရှိနေပြီးဖြစ်ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် ယခင်က Covid-19 ရောဂါပိုးကူးစက်ခံထားရသူ တစ်ဦးသာရှိခဲ့ပြီး ထိုသူမှာလည်း သက်သာပျောက်ကင်းလို့ ဆေးရုံမှဆင်းသွားပြီးဖြစ်သည်။

မီဇိုရမ်တွင် အချိန်အတော်ကြာ ရောဂါပိုးကူးစက်ခံထားရသူ မတွေ့ရှိတဲ့နောက်ပိုင်း ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့မှစပြီး ရောဂါပိုးကူးစက်ခံထားရသူ ပြန်လည်တွေ့ရှိခဲ့ကာ ဇွန်လ (၁၁) ရက်နေ့အထိ (၁၁) အတွင်း ရောဂါပိုးကူးစက်ခံထားရသူ (၁၀၁) ဦး အထိ တိုးလာကြောင်း သိရှိရသည်။

ယခင် Covid-19 ရောဂါပိုးကူးစက်ခံထားပြီး သက်သာပျောက်ကင်းသွားသူတစ်ဦးအပါအဝင် လက်ရှိတွင် မီဇိုရမ် ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၁၀၂) ဦး ရှိပြီး အဆိုပါ (၁၀၁) ဦး အားလုံးတို့မှာ ပြည်နယ် ပြင်ပမှ နေရပ် ပြန်လာကြသူများဖြစ်သည်။

မီဇိုရမ်ပြည်နယ်တွင် (၁) ရက်အတွင်း Covid-19 ရောဂါပိုးကူးစက်ခံထားရသူ အများဆုံးအကြိမ်မှာ ပြီးခဲ့သည့် ဇွန်လ (၈) ရက်နေ့ကဖြစ်ပြီး (၁) ရက်အတွင်း ပိုးရှိလူနာ (၄၆) ဦးတွေ့ရှိခဲ့ကြောင်း နေ့စဉ်ထုတ်သတင်းစာ Vanglaini တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း တွေ့ရှိသော Covid-19 ရောဂါပိုးကူးစက်ခံထားရသူအားလုံးတို့မှာ အိန္ဒိယနိုင်ငံအသီးသီးမှ မီဇိုရမ်ကို နေရပ်ပြန်လာကြသူများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တွင် မြို့နယ် (၁၁) ခုရှိသည့်အနက် အိုက်ဇောလ် မြို့နယ်မှ (၂၁) ဦး၊ Lunglei မြို့နယ်မှ (၄၅) ဦး၊ Saiha မြို့နယ်မှ (၁) ဦး၊ Champhai မြို့နယ်မှ (၅) ဦး၊ Kolasib မြို့ နယ်မှ (၁၁) ဦး၊ Serchhip မြို့နယ်မှ (၁) ဦး၊ Lawngtlai မြို့နယ်မှ (၄) ဦး၊ Mamit မြို့နယ်မှ (၉) ဦး၊ Khawzawl မြို့ နယ်မှ (၂) ဦးနှင့် Saitual မြို့နယ်မှ (၃) ဦး တို့ဖြစ်ကြသည်။

အိန္ဒိယနိုင်ငံအသီးသီးရှိ မီဇိုးလူမျိုးများကို မီဇိုရမ်အစိုးရအစီစဉ်ဖြင့် ပြည်တော်ပြန်ခေါ်ခြင်းအစီးအစဉ် ပြုလုပ်ခဲ့သည့် အချိန်ကစပြီး မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့ကစပြီး နေ့တိုင်းလိုလို Covid-19 ရောဂါပိုး ကူးစက်ခံထားရသူများ တွေ့ရှိလာသောကြောင့် အဆိုပါ ရောဂါပိုးကူးစက်ခံရမှုကို ထိန်းချုပ်သည့်အနေဖြင့် မီဇိုရမ် ပြည်နယ်ကို Total Lockdown အဖြစ် ဇွန်လ (၈) ရက်နေ့ ည (၁၂) နာရီအချိန်ကစပြီး နှစ်ပတ်ကြာ မီဇိုရမ်အစိုးရက ချမှတ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

ကလေးမြို့တွင် မီတာခများအခွန်ဆောင်ကြရန် စစ်ကောင်စီက တအိမ်တက်ဆင်း လိုက်လံပြောဆိုနေ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.