(005MK)
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် Lungpuk ကျေးရွာက မြန်မာစစ်ဘေးရှောင်များနေထိုင်သော စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး ပြာကျခဲ့ရသည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၃ ရက်မနက် ၁၀ ၀န်းကျင်ခန့်က Lungpuk စစ်ဘေးရှောင်စခန်းမှာ မီးစတင်လောင်ကျွမ်းကာ အနီးနားရှိ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဒေသခံများက ၀◌ိုင်း၀န်းငြိမ်းသတ်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။
မီးလောင်မှုကြောင့် Lungpuk စစ်ရှောင်စခန်းက နေအိမ် ၃ လုံးမှာ မီးလောင်ပြာကျခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
Lungpuk ကျေးရွာသည် ရှာဟာမြို့မှ ၄ နာရီခန့်သွားရသော အိန္ဒိယ-မြန်မာ နယ်စပ်ဘက်တွင်တည်ရှိသော ကျေးရွာဖြစ်ပြီး ချင်းပြည်နယ် ပလက်၀မြို့နယ်က မရာနှင့် ခူမီးချင်းမျိုးနွယ်စုများနေထိုင်သည့် စစ်ရှောင်စခန်းဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်၀◌ါရီလ ၂၁ ရက်ကလည်း မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာက မြန်မာ စစ်ဘေးရှောင်စခန်းတွင် မီးလောင်ဖြစ်ပွားကာ နေအိမ် ၈ လုံး လောင်ကျွမ်းပြာကျခဲ့ရသည်။