Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဖမ်းဆီးရမိ

0
By Editor on April 25, 2025 Khonumthung

(005MK)

ဗဟိုမီးဇိုးလူငယ်အသင်း (Central YMA) လက်အောက်တွင် ဖွဲ့စည်းထားသော မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) က မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီးငွေ သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဧပြီလ ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်။

အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် ကားနှစ်စီးဖြင့်သယ်ဆောင်ကြလာကြသော အလေးချိန် ၄ ကေဂျီ ၈၂၁ ဂရမ်(ဆပ်ပြာဗူး ၄၀၀) ရှိသော ဘိန်းဖြူများကို Saitual မြို့မှာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ (CADS) အနေဖြင့် ကာလအတော်ကြာစောင့်ကြည့်ခဲ့ပြီးနောက် အဆိုပါဘိန်း ဖြူများကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

မီဇိုရမ်ပြည်နယ် Farkawn ကျေးရွာသား လက်ရှိ Ramhlun North ရပ်ကွက်တွင်နေထိုင်သူ အသက် ၂၈ နှစ်အရွယ် Thangsangpuia မောင်းနှင်းလာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ ဖမ်းဆီးခဲ့ပြီး Farkawn ရွာသား ချင်းပြည်နယ် Khawmawi တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် Malsawmdawnga မောင်းနှင်လာသော ကားတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၂၀၀ စုစုပေါင်း ဘိန်းဖြူ ဆပ်ပြာဗူး ၄၀၀ ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဖမ်းခံရသူ ၂ ဦး၏ ထွက်ဆိုချက်အရ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ် နှင့် ချင်းပြည်နယ် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက် (Khawmawi) ကျေးရွာတို့တွင် ကြင်လည်ကျက်စားနေထိုင်သူ ကျန်ဖိုင်းခရိုင် Ngur ကျေးရွာသား Lalhmingmawia ဆိုသူက တစ်ယောက်ကိုရူပီးငွေ ၈ သောင်းပေးကာ မီဇိုရမ် နှင့် အာသံပြည်နယ်စပ် Vairengte မြို့အထိ ပို့ဆောင်းခိုင်းခြင်း ဖြစ်ကြောင်း Vanglaini သတင်းစာတွင် ဖော်ပြသည်။

၎င်းတို့အနေဖြင့် ယခုကဲ့သို့ အခကြေးငွေဖြင့် ဘိန်းဖြူများ ပို့ဆောင်ပေးနေသည်မှာ ယခုတကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ဘိန်းဖြူ ဆပ်ပြာဗူး ၁၀၀ စီ နဲ့ ဒုတိယအကြိမ်တွင် ၂၀၀ စီ သယ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

Lalhmingmawia သည် မူးယစ်ကုသည်တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသော ၎င်း၏ယာဉ် နံပါတ်ကိုလည်း သိရှိထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့သော်လည်း အဓိကတရားခံဖြစ်သော Lalhmingmawia မှာ မြန်မာဘက်ခြမ်းသို့တိမ်းရှောင်သွားသောကြောင့် ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ကြောင်း CADS တာဝန်ရှိသူများကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.