• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၃ ဦးထံ ဘိန်းဖြူများဖမ်းမိ

မီဇိုရမ်တွင် မြန်မာနိုင်ငံသား ၃ ဦးထံ ဘိန်းဖြူများဖမ်းမိ

0
By Editor on September 23, 2022 Khonumthung

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နယ်တွင် ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အိုင်ဇောလ်မြို့နယ် Tuirial ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က အသက် ၃၂ နှစ်အရွယ် Van Cung Bia ထံမှ ဘိန်းဖြူ ၂၀၂ ဂရမ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။

၎င်းသည် စစ်ကိုင်းတိုင်း ကလေးမြို့နယ် Haikhawl-Tuingo ကျေးရွာ တွင်နေထိုင်သူ ဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း Tuirial ကျေးရွာတွင် အသက် ၃၂ အရွယ် Thasui နှင့် အသက် ၂၅ နှစ်အရွယ် Duhneimawi ထံမှ ဘိန်းဖြူ ၁၄၇ ဂရမ်ကို ဖမ်းဆီးရမိသည်ဟု သိရသည်။

၎င်းတို့နှစ်ဦးသည် ကလေးမြို့ တာဟန်း (C, B) ရပ်ကွက်တွင် နေထိုင်သူများဟုသိရသည်။

Thasui နှင့် Duhneimawi တို့နှစ်ဦးသည် မိမိကိုယ်ကိုယ် စစ်ဘေးရှောင်များဟု ပြောဆိုကြကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် မူူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနှင့် မီဇိုးလူငယ်အသင်းမှဖွဲ့စည်းထားသော Central Anti-Drugs Squad (CADS) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရှိန်မြင့်တင်လျှက်ရှိရာတွင် စက်တင်ဘာလ ၁၀ ရက်မှ ၂၁ ရက်နေ့အတွင်း ဘိန်းဖြူ တစ်ကီလိုကျော် ဖမ်းဆီးရမိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇန်မြို့နယ်၊ ဒါးရ်ခိုင်ရွာဟောင်းတွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၇ လုံး လောင်ကျွမ်းပြာကျ

ဇိုးတုန်နယ်တွင် တိုက်ပွဲဖြစ်ပွား စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.