• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

0
By Editor on February 17, 2022 Khonumthung

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦး စတင်တွေ့ရှိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြောဆိုခွင့်ရှိသူ Lalmalsawma Pachuau က မီဇိုရမ်တွင် ကိုဗစ်ရော ဂါပိုး ကူးစက်ခံသူထဲမှာ အိုမီခရွန် ပိုင်းရပ်စ်ရောဂါပိုးရှိမရှိ ဆေးစစ်ချက် ရလဒ် ၁၂၂ ခုထွက်လာသည့်အနက် ၆၂ ဦးမှာ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည်ဟုပြောဆိုခဲ့သည်။

အဆိုပါ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးစလုံးမှာ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်က ဖြစ်ကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး ယနေ့လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉၉၀၁၉ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူဦးရေ ၁၈၆၅၀၄ ဦးရှိသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကုသဆဲလူနာ ၁၁၈၇၈ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိနေပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပြီး မြန်မာနိုင်ငံသားအများစု သွားရောက်ခိုလုံ နေသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.