• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် Zofate Gospel Charity for Myanmar ပြုလုပ်

မီဇိုရမ်တွင် Zofate Gospel Charity for Myanmar ပြုလုပ်

0
By Editor on September 16, 2021 Khonumthung

မြန်မာနိုင်ငံအတွင်း စစ်ရေးပဋိပက္ခကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများနှင့် မြန်မာနိုင်ငံရှိ ဇိုး (ချင်း) လူမျိုးများအကြား ကိုဗစ်-၁၉ ဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ရံပုံငွေရှာဖွေသည့်အနေဖြင့် Zofate Gospel Charity for Myanmar ကို စက်တင်ဘာ ၁၅ ရက် ည ၈းဝ၀ နာရီက မီဇိုရမ်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုအစီအစဉ်ကို Breakthrough Believer Ministries နှင့် မီဇိုရမ်ပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူ အနုပညာရှင်များ အဖွဲ့ပူးပေါင်းပြီး ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

Breakthrough Believer Ministries အဖွဲ့မှ ဥက္ကဌ Vanlalsailova က “ချင်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ ချင်းညီအကိုတွေ စစ်ဘေးဒဏ်ကြောင့် မီဇိုရမ်ကို များစွာ ထွက်ပြေးတိမ်းရှောင်လာကြတာ အားလုံးအသိဖြစ်တယ်။ အဲ့မတိုင်ခင် ကျနော်တို့ညီအကိုအများအပြားနေထိုင်တဲ့ တာဟန်မှာလည်း ဟိုတလောက ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်မလုံလောက်မှုများသလို၊ သေဆုံးမှုနှုန်းကလည်း အတော်ကိုများတာဖြစ်တယ်။ ဒါကြောင့် အဲဒီအရာကို ရည်ရွယ်ပြီး ဒီ Charity ကို ပြုလုပ်ရခြင်းဖြစ်တယ်။” ဟုပြောသည်။

ဆက်လက်ပြီး Vanlalsailova က “ဒီ Charity ကနေ ရရှိတဲ့ ငွေကြေးဟာ မြန်မာနိုင်ငံ ပြည်တွင်းမှာရှိနေကြတဲ့ ဇိုး(ချင်း) မျိုးနွယ်စုများနှင့် မီဇိုရမ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်များအတွက် လိုအပ်သလို ကူညီ ဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု ပြောသည်။

အဆိုပါ Zofate Gospel Charity for Myanmar ရံပုံငွေရှာဖွေပွဲတွင် မြန်မာနိုင်ငံမှ နာမည်ကျော်အဆိုတော် ချင်းအမျိုးသား Benjamin Sum လည်း ပါဝင်ဖျော်ဖြေခဲ့ပြီး မီဇိုရမ်နာမည်ကျော် အဆိုရှင်များ ဖြစ်ကြသော Vanlalsailova, Zorema Khiangte, HlimHlimi, Lawmi Khiangte, Duhsaki Khiangte, Lalrindiki Khiangte နှင့် Maruati တို့လည်း ပါဝင်ဖျော်ဖြေခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.