• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ကအင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၃ ခုတွေ့ဆုံ၊ မြန်မာစစ်ဘေးရှောင်များအရေးဆွေးနွေး

မီဇိုရမ်ပြည်နယ်ကအင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၃ ခုတွေ့ဆုံ၊ မြန်မာစစ်ဘေးရှောင်များအရေးဆွေးနွေး

0
By Editor on April 21, 2023 Khonumthung

မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးသော အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CYMA, CYLA နှင့် MTP တို့သည် ဧပြီလ ၁၈ ရက်နေ့က Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Central Young Mizo Association, Central Young Lai Association နှင့် Mara Thyutlia Py စသည့်အဖွဲ့ ၃ ဖွဲ့မှေ ခါင်းဆောင်များသည် Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး အိမ်နီးနိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

Central YMA ဥက္ကဌ Pu R. Lalngheta က “အိမ်နီးချင်းနိုင်ငံတွေကနေ အသက်ဘေး လုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူတွေနဲ့ပတ်သက်ပြီး စည်းစည်းလုံးလုံးနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” ဟု ပြောဆိုကြောင်း သတင်းစာကဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် စစ်ဘေေးရှာင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြေသော အချက်တချို့မှာ အိမ်နီးချင်းနိုင်ငံမှ အသက်ဘေးလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများအား သေချာလေ့လာပြီး နည်းစနစ်တကျဖြင့် စာရင်းပြုစုရန်၊ စစ်ဘေးရှောင်နှင့်ပတ်သက်သော သတင်းအချက်အလက် ဖလှယ်ရန်၊ မီဇိုရမ်ပြည်နယ်သူ/ပြည်နယ်သားများ၏ ဆန္ဒသဘောထားအတိုင်း နေထိုင်ရမည်၊ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရာထိုင်ပြောင်းရွှေ့မည်ဆိုပါက ရပ်ကွက်၊ ကျေးရွာက အရပ်ဖက်အဖွဲ့အစည်းများကို အသိပေးအကြောင်းကြားရန်၊ CYMA, CYLA နှင့် MTP တို့မှ စစ်ဘေး ရှောင်အတွက် လူဦးရေစာရင်း (Census) ကောက်ခံပါက အခြား NGO အဖွဲ့အစည်းများမှ ပါဝင်စွပ်ဖက်ခြင်းမပြုရန်၊ အကယ်၍အခြားအဖွဲ့အစည်းက လိုအပ်သည်ဆိုပါက မိမိတို့ပြုစုသောစာရင်းကိုသာ ယူသုံးရန် စသည်တို့ပါဝင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.